Slide
လူမှုဘဝ သာယာလှဖို့
သဒ္ဓါထက်သန် စိတ်အားမာန်နှင့်
စောင့်ရှောက်ကြည်ဖြူ ဖေးမကူမည်
သူငါမခွဲတဲ့ We Love Care
Slide
Slide
လူမှုဘဝ သာယာလှဖို့
သဒ္ဓါထက်သန် စိတ်အားမာန်နှင့်
စောင့်ရှောက်ကြည်ဖြူ ဖေးမကူမည်
သူငါမခွဲတဲ့ We Love Care
Slide
Slide
Slide
Slide
လူမှုဘဝ သာယာလှဖို့
သဒ္ဓါထက်သန် စိတ်အားမာန်နှင့်
စောင့်ရှောက်ကြည်ဖြူ ဖေးမကူမည်
သူငါမခွဲတဲ့ We Love Care
Slide
Slide
လူမှုဘဝ သာယာလှဖို့
သဒ္ဓါထက်သန် စိတ်အားမာန်နှင့်
စောင့်ရှောက်ကြည်ဖြူ ဖေးမကူမည်
သူငါမခွဲတဲ့ We Love Care
Slide
Slide
လူမှုဘဝ သာယာလှဖို့
သဒ္ဓါထက်သန် စိတ်အားမာန်နှင့်
စောင့်ရှောက်ကြည်ဖြူ ဖေးမကူမည်
သူငါမခွဲတဲ့ We Love Care
Slide
Slide
လူမှုဘဝ သာယာလှဖို့
သဒ္ဓါထက်သန် စိတ်အားမာန်နှင့်
စောင့်ရှောက်ကြည်ဖြူ ဖေးမကူမည်
သူငါမခွဲတဲ့ We Love Care
Slide
previous arrow
next arrow

အသင်းဖြစ်တည်လာခြင်းWe Love Care Burma

ဦးဇော်မင်းထွန်း၊ ဦးဖြိုးမောင်မောင်၊ ဦးဝင်းနေလှိုင်၊ ဦးကျော်ဇေယျ၊ ဦးအေးခိုင်၊ ဦးဇော်လင်းထွန်း၊ ဦးဘုန်းနိုင်ကျော်၊ ဦးလှသန်းထိုက် တို့၏ တူညီသောစိတ်အခြေခံ ဆွေးနွေးမှုများဖြင့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (ရွှေပြည်သာမြို့နယ်) ကို ၂၀၂၀-ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့တွင် ဤအသင်းကြီးအား အမှတ်(၈)ရပ်ကွက်၊ မင်္ဂလာပန်းခြံ၌စုစည်းကာ ညီအကိုတို့၏ အကြံပြုချက်၊ သဘောတူညီချက်၊ ဆုံးဖြတ်ချက်များရယူ၍ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

ဤအသင်းကြီးသည် လူမှုစားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ သာရေးနာရေး၊ သဘာဝဘေး စသည့် အခြေခံကျသော လူမှုအခက်အခဲလိုအပ်ချက်များကို အကူအညီပေးနိုင်ရန် အတ္တမပါသော ပရဟိတစိတ်ဓါတ် အပြည့်အဝဖြင့် မိမိတို့၏ရပ်ကွက်မြို့နယ်အတွင်းသာမက မြန်မာနိုင်ငံတစ်ဝှမ်းရှိမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် များပါမကျန် ကူညီဆောင်ရွက်ပေးနိုင်ရန် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါသည်။

ဤသို့ဖြင့် We Love Care Burma – လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း ကို နိုင်ငံတော်၏ အခြေခံလိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနိုင်ရန် စည်းကမ်းကျနပြီး အဓွန့်ရှည်တည်တန့်ခိုင်မြဲ၍ အနာဂါတ်တွင် ဦးဆောင်နိုင်မည့် မျိုးဆက်သစ်ပုဂ္ဂိုလ်တို့အား အခက်အခဲ တစ်စုံတစ်ရာမရှိ လွှဲပြောင်းပေးနိုင်ရန် ကြိုးစားရုန်းကန် ဆောင်ရွက်နေသော အသင်းကြီး ဖြစ်ပါသည်။

150+

Volunteers

ကျွန်ုပ်တို့ Team နဲ့အတူ ပါဝင်ကူညီလိုက်ပါ

Join Now

လုပ်ဆောင်ချက်များ

လူမျိုးဘာသာမရွေး (၂၄)နာရီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်သော လူနာများနှင့် နာရေး ကိစ္စရပ်များအား (အခမဲ့) ကူညီဆောင်ရွက်ပေးခြင်း၊ ဘာသာရေး အခြေခံသော ဇီဝိတဒါနအဖြစ် သွေးလှူဒါန်းမှုများ ဆောင်ရွက်ခြင်း၊ ဆင်းရဲနွမ်းပါးသော အခြေခံလူမှုဘဝများအား စားဝတ်နေရေး အဆင်ပြေစေရန် ထောက်ပံ့ ပေးကမ်းလှူဒါန်းခြင်း၊ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေး နှင့် ကျရောက်၍ခံစားရသော သဘာဝဘေး ဒုက္ခသည်များအား အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ဆင်းရဲနွမ်းပါးသော လူငယ်များအား အသက်မွေးဝမ်းကြောင်းပညာရပ်များ စီမံဆောင်ရွက်ပြီး ပညာရေး ကိစ္စတစ်ရပ်အဖြစ် ပညာဒါန ပြုလုပ်ပေးခြင်း၊ ရွှေပြည်သာမြို့နယ်အတွင်းသာမက အမြို့မြို့အနယ်နယ်မှ နာရေး ကူညီမှုလိုအပ်လာသော ကိစ္စရပ်များအားလုံးကို မိမိတို့အသင်းအနေဖြင့် တတ်စွမ်းသ၍ ကူညီဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်း သာရေး/နာရေး ကိစ္စရပ်များတွင် လိုအပ်သော မဏ္ဍပ်၊ အိုးခွက်၊ ပန်းကန်များ ငှါးရမ်းပေးခြင်း တို့အား ဆောင်ရွက်ပါသည်။

 

လူမှုရေး

ဘာသာရေး

ကျန်းမာရေး

သာရေး၊ နာရေး

ပညာရေး

သဘာဝဘေး

လတ်တလောလုပ်ဆောင်ချက်များ

ဆေးရုံဆင်းလူနာ

Posted on July 2, 2023

(၂၆-၆-၂၀၂၃)ရက်နေ့၊ နေ့လည်(၁၂:၅၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အေးချမ်းအောင်ဆေးရုံ မှ ဆေးရုံဆင်းလူနာအား အမှတ်(၆)ရပ်ကွက် ဇော်ဂျီလမ်း သို့ WLC-01 ဖြင့်ပို့ဆောင်ကူညီပေးခဲ့ပါသည်။

C T ဓာတ်မှန်ရိုက်လူနာ

Posted on July 2, 2023

(၂၆-၆-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၁၅)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အေးချမ်းအောင်ဆေးရုံ မှ C T ဓာတ်မှန်ရိုက်လူနာအား မြောက်ဥက္ကလာပမြို့နယ်၊ ရွှေလမင်းဆေးရုံ သို့ WLC-04 ဖြင့်အသွားအပြန် ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ပိုင်ရှင်မဲ့ရုပ်အလောင်း

Posted on July 2, 2023

(၂၆-၆-၂၀၂၃) ရက်နေ့၊ နံနက်(၀၈:၂၀)နာရီအချိန်ခန့်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မင်းလမ်းထိပ် မှ ပိုင်ရှင်မဲ့ Dead Body အား အင်းစိန်ဆေးရုံ သို့ WLC-DB ဖြင့်ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ဦးနှောက်သွေးကြောပျက်လူနာ

Posted on July 2, 2023

(၂၆-၆-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အေးချမ်းအောင်ဆေးရုံ မှ ဦးနှောက်သွေးကြောပျက်လူနာအား မြောက်ဥက္ကလာပဆေးရုံကြီး သို့ WLC-04 ဖြင့်ပို့ဆောင်ကူညီပေးခဲ့ပါသည်။

အသက်ရှူကြပ်လူနာ

Posted on July 2, 2023

(၂၅-၆-၂၀၂၃)ရက်နေ့၊ နေ့လည်(၀၁:၅၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်တော်သစ်ဆေးရုံ မှ အသက်ရှူကြပ်လူနာအား အင်းစိန်ဆေးရုံ သို့ WLC-01 ဖြင့်ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ပျက်အစဉ် ပြင်ခဏ

Posted on July 2, 2023

(၂၁/၆/၂၃) ရက်နေ့။ သင်္ခါရ ဆိုတဲ့ ဖြစ်ခြင်း/ပျက်ခြင်း သဘောတရား ပျက်တာကို ပြင်နိုင်အောင် မကောင်းတာကို ကောင်းအောင် (၇)ရက်သားသမီးများ ကျန်းမာရေး ပို့ဆောင်ပေးနေတဲ့ ယာဉ်များ ကျန်းမာရေး လစဉ်မပျက် ”အာစိဏ္ဏကံ” လှူဒါန်းပေးနေကြသော အလှူရှင်များ၊ လမ်းကြောင်းအသုံးပြုပြီး…