
(၄)ဦးဓါတ်လိုက် (၁)ဦးသေဆုံး (ရွှေပြည်သာ)
(8-7-22) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ စက်မှုဇုန်-၂၊ ဦးချစ်ဝန်မင်းကြီးလမ်းတွင် ကွန်တိန်နာ ရွှေ့ပြောင်းတင်ဆောင်ရာတွင် ကရိန်း(၂)စီးဖြင့် ဝန်ချီတင်ဆောင်ကြစဉ် ကရိန်း၏မောင်းတန် ခေါ် (Boom) ဖြင့် ဓါတ်ကြိုးများနှင့် ထိခိုက်ပြီး အလုပ်လုပ်နေသော အလုပ်သမား (၄)ဦး ဓါတ်လိုက်မှုဖြစ်စဉ် ဖြစ်ခဲ့ကြောင်းသတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မှ We Love Care Burma – လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း ကား(၁)စီး၊ ကနောင်ရှင်ရေးနာရေးကူညီမှုအသင်း (ဒညင်းကုန်းအိမ်ယာ) (၁)စီး၊ အမှတ်(၁)ရပ်ကွက်မှ အောင်မေတ္တာလူမှုကူညီရေးအသင်း (၁)စီး တို့ဖြင့် လူနာ (၄)ဦးအား အင်းစိန်ဆေးရုံသို့ အရေးပေါ် ပို့ဆေင်ကူညီပေးခဲ့ပါသည်။
လူနာ(၄)ဦးအနက် (၁)ဦးမှာ အင်းစိန်ဆေးရုံအရောက်တွင် သေဆုံးသွား ခဲ့ပါသည်။ ၎င်းသေဆုံးသူမှာ ကရိန်းမောင်းနှင်သူဖြစ်ကြောင်းလည်း သိရှိရပါသည်။ ကျန်လူနာ (၃)ဦးအနက် (၁)ဦးမှာလည်း အခြေအနေသိပ်ပြီး မကောင်းကြောင်း ကြားသိရသော်လည်း ကျန် (၂)ဦးမှာမူ ကောင်းမွန်စွာ ဆေးကုသမှုခံယူနေကြောင်း သိရှိရပါသည်။

Wkpoxzun
Explore the ranked best online casinos of 2025. Compare bonuses, game selections, and trustworthiness of top platforms for secure and rewarding gameplaycasino activities.