စည်းမျဉ်းစည်းကမ်းများ

အသင်းဝင်တစ်ဦးသည် အသင်းဝင်ကြေးအဖြစ် (၃၀၀၀) ကျပ် ထည့်ဝင်ရန်နှင့် တစ်လလျှင် လစဉ်ကြေး (၁၀၀၀) ကျပ်နှုန်း (သို့မဟုတ်) တစ်ထောင်ကျပ်နှင့်ပိုသော အလှူငွေအား လစဉ် ထည့်ဝင်လှူဒါန်းနိုင်သည်။ လစဉ်ကြေးအား() (သို့မဟုတ်) ()နှစ် ကြိုတင်ပေးသွင်းနိုင်သည်။

လစဉ်ကြေးထည့်ရန် တစ်ကြိမ် ပျက်ကွက်ခဲ့ပါလျှင် ကော်မတီမှ ခေါ်ယူဆွေးနွေးမည်ဖြစ်ပြီး ()ကြိမ်ထက် ကျော်လွန်ပျက်ကွက်ခဲ့ပါက အသင်းဝင်အဖြစ်မှ အလိုအလျောက် ရပ်စဲမည်ဖြစ်သည်။

အသင်းသားများသည် အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် အတွင်း အသင်းယူနီဖေါင်းအပြည့်အစုံ ဝတ်ဆင်ပြီးမှသာ ဆောင်ရွက်ရမည်။

အရေးပေါ်ကားများ ထွက်ခွါရာတွင် တာဝန်ရှိသူများ၏ ခွင့်ပြုချက်မရရှိပဲ ထွက်ခွါခြင်းမရှိ သည့်အပြင် ထွက်ခွါခြင်းအား သိရှိ/တွေ့ရှိပါက အမှုဆောင်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ဆက်လက် ဆောင်ရွက်ရမည်။

လုပ်ငန်းတာဝန် ဆောင်ရွက်ပြီးစီးပါက မိမိတို့ တာဝန်ယူထွက်ခွါခဲ့သော မော်တော်ယာဉ် များအား လမ်းကြောင်းသစ် ပြန်လည်ထွက်ခွါနိုင်ရန် လိုအပ်သော သန့်ရှင်းမှုများ ဆောင်ရွက်ပေး ထားရမည်။

အသင်း၏တာဝန်များ ထမ်းဆောင်နေစဉ်အတွင်း အသင်းမှချမှတ်ထားသော ဝတ်စားဆင် ယဉ်မှုပုံစံကို အတိအကျလိုက်နာရမည်။ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော သရုပ်ပျက် ဝတ်စား ဆင်ယဉ်မှုများကို လုံးဝ (လုံးဝ) ခွင့်မပြု။

အများ၏ အကြည်အညိုပျက်စေနိုင်သော ပြုမူပြောဆိုဆက်ဆံမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ မူးယစ်သေစာ သောက်စားမှုများကို ရှောင်ကြဉ်ရမည်။

အသင်းကြီးသည် လူမှုဘဝစောင့်ရှောက်ရေးများကိုသာ လုပ်ဆောင်နေသော အသင်းဖြစ်၍ အသင်း၌ တာဝန်ထမ်းဆောင်နေသည့် နေ့ရက်များတွင် ပါတီနိုင်ငံရေးအတွက် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဟောပြောခြင်း များ၊ ငွေကြေးနှင့် လူမှုရေးအရှုပ်အရှင်းများ ကင်းရှင်းရမည်။

အသင်း၏ အရှိန်အဝါ ဂုဏ်သိက္ခာ ညှိုးနွမ်းကျဆင်းစေနိုင်သော တာဝန်ချိန်ပြင်ပတွင် အသင်း၏ ဝတ်စုံ၊ ရင်ထိုး၊ အသင်းသားကဒ်များအသုံးပြုကာ သောက်စားမူးယစ်၊ လောင်းကစား ခြင်း၊ ပြဿနာ တစ်စုံတရာ ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်

၁၀

နာရေးရှင်၊ လူနာရှင်၊ ဝန်ထမ်းများနှင့် အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှ ငွေကြေး (လာဘ်ပေး/ယူ) ကိစ္စရပ်များကို မပြုလုပ်ရ။ သတင်းပေးစုံစမ်း ဖေါ်ထုတ်သိရှိရပါက အသင်းမှ ထုတ်ပယ်ခြင်းခံရမည်။

၁၁

အသင်းသားတစ်ယောက်သည် မိမိအား ပေးအပ်သော တာဝန်ကို ထမ်းထောင်နိုင်သည်အထိ ရှင်းလင်းစွာသိရှိနားလည်ပြီးလျှင် တာဝန်ပြီးဆုံးသည်အထိ ကျေပွန်စွာထမ်းဆောင်ရန်နှင့် တာဝန် ကျ/ခံ ပုဂ္ဂိုလ်တစ်ဦးဦးထံ တင်ပြတောင်းခံခြင်းမပြုပဲ မည်သူ့ကိုမျှ လွှဲပြောင်းတာဝန်ပေးခြင်းမပြုရ။

၁၂

အသင်းသားများသည် အသင်း၏အစည်းအဝေးများနှင့် နှစ်စဉ်ကျင်းပမည့် ညီလာခံ ကိစ္စရပ်များတွင် မပျက်မကွက်တက်ရောက်ရမည်။ အကြောင်းတစ်စုံတရာကြောင့် တက်ရောက် နိုင်ခြင်းမရှိပါက အသင်း၏ ခွင့်တိုင်ကြားမှု လျှောက်လွှာတွင် အကြောင်းပြချက် ခိုင်လုံစွာဖြင့် ခွင့်တိုင်ကြားရမည်။

၁၃

အသင်းသားဖြစ်သူနှင့်တကွ အသင်းသို့ မိသားစုဝင်အဖြစ် စာရင်းတင်သွင်းထားရှိသော အတူနေ မိသားစုဝင်များသာ အကျိုးခံစားခွင့် ရှိမည်။

၁၄

အသင်းဝင်နှင့် အသင်းဝင်မိသားစုများ ကွယ်လွန်ခဲ့ပါက

(က)        အသင်းဝင် အဆိုပြုလွှာတွင် ပါဝင်သော နေရပ်လိပ်စာတွင် ကွယ်လွန်ပါက ထောက်ပံ့ ငွေကို ချက်ချင်း ထုတ်ပေးမည်ဖြစ်သည်။

()        ရွှေပြည်သာမြို့နယ် ပြင်ပတွင်ကွယ်လွန်ခဲ့ပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နှင့် သေစာရင်း မိတ္တူ တင်ပြနိုင်မှသာလျှင် ထောက်ပံ့ငွေကို ထုတ်ပေး သွားမည် ဖြစ်သည်။

၁၅

အသင်းဝင်မိသားစုမှ မွေးဖွားပြီး အသက်တစ်လနှင့်အထက် တစ်ဦးဦးကွယ်လွန်ခဲ့ပါလျှင် အသင်းဝင်အား (၁၀၀၀၀၀) ကျပ်နှင့် မှီခိုသူ မိသားစုဝင် ကွယ်လွန်ခဲ့ပါက (၅၀၀၀၀) ကျပ်တိတိ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

၁၆

အသင်းဝင်ရောက်ပြီးနောက် အသင်းဝင်မိသားစု ထပ်မံတိုးရန်လိုအပ်ပါက အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်၍ အသင်းဝင်အဖြစ် ထပ်မံလျှောက်ထားရမည်။

၁၇

အသင်းဝင်ရောက်ပြီးနောက် အသင်းဝင်မိသားစု ထပ်မံတိုးရန်လိုအပ်ပါက အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်၍ အသင်းဝင်အဖြစ် ထပ်မံလျှောက်ထားရမည်။

၁၈

အသင်းမှ ထုတ်ပေးထားသော အသင်းပစ္စည်းများ ပျက်စီးပျောက်ဆုံးသွားပါက အလုပ်အမှု ဆောင် ကော်မတီသို့ အကြောင်းကြား၍ ပစ္စည်းတန်ဖိုးအတိုင်း ပြန်လည်ပေးဆောင်ရမည်။

၁၉

အသင်းဝင်များသည် အကြောင်းအမျိုးမျိုးကြောင့် နှုတ်ထွက်ခြင်း၊ ထုတ်ပယ်ခြင်း၊ ရပ်စဲခြင်း စသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက အသင်းသို့ ထည့်ဝင်လှူဒါန်းထားသော အသင်းဝင်ကြေးနှင့် လစဉ်ထည့်ဝင်လှူဒါန်း ငွေများအား ပြန်လည် ထုတ်ပေးမည်မဟုတ်။

၂၀

အသင်းသား၏ မိသားစုဝင်တစ်ဦးဦးသည် အသင်းဝင်အဆိုပြုလွှာတွင် ပါဝင်သောနေရပ် လိပ်စာမှ ပြောင်းရွှေ့ခြင်းသော်လည်းကောင်း၊ အိမ်ထောင်ခွဲ၍ ရွှေ့ပြောင်းသွားခြင်းသော် လည်းကောင်း အသင်းသို့ ချက်ချင်း အကြောင်းကြား၍ ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် အသင်း ထောက်ပံ့ငွေအား ခံစားရမည်မဟုတ်။

၂၁

အသင်း၏ ကူညီထောက်ပံ့ငွေနှင့်ပါတ်သက်၍ တစ်စုံတရာ အငြင်းပွားဖွယ် ဖြစ်ပေါ်လာပါက အမှုဆောင်အ ဖွဲ့၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။