Blood Donation

ဇီဝိတဒါန သွေးလှူဒါန်းမှု

(၃၀-၅-၂၀၂၃)ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊

ရွှေပြည်တော်သစ်ဆေးရုံ တွင် ခွဲစိတ်ရန်အတွက် အရေးပေါ် (O+)သွေး(၂)လုံးလိုအပ်ကြောင်း လူနာရှင်မိသားစု မှ #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း သို့ အကူအညီတောင်းသဖြင့်အသင်းဝင်(၂)ဦးသည် လူနာ၏လိုအပ်သော (O+)သွေး(၂)လုံးအား ဇီဝိတဒါနအနေဖြင့် သွေးလှူဒါန်းခဲ့ပါသည်။

👉မိတ်ဆွေတို့အနေဖြင့်(၇)ရက်သားသမီးများ၏ #အရေးပေါ်သွေးအမျိုးအစားများလိုအပ်ပါက

🏠ရန်ုကုန်တိုင်း‌ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်းမကြီး၊ အမှတ်(၂)ရပ်ကွက်၊‌အမှတ်(၅၀၄)၊ ရွှေပြည်သာကွေ့မှတ်တိုင်အနီး တွင်တည်ရှိသော #We_Love_Care_Burma အသင်းရုံးသို့ ☎️ ဖုန်းဆက်၍သော်လည်ကောင်း၊

🚶လူကိုယ်တိုင်သော်လည်း​ကောင်း ဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်း 📢နှိုးဆော်အပ်ပါသည်။🙏🙏🙏

ဇီဝိတဒါန သွေးလှူဒါန်းမှု ကုသိုလ်ပြု

(၁၀-၄-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ခန့် ရွှေပြည်သာမြို့နယ်၊ ချမ်းမြေ့ဝန်းဆေးခန်း တွင် အရေးပေါ် (B+) သွေး(၁)လုံးလိုအပ်ကြောင်း လူနာရှင်မိသားစု မှ #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း သို့ အကူအညီတောင်းသဖြင့် အမှတ်(၈)ရပ်ကွက်တွင်နေထိုင်သီတင်းသုံးနေသော အသင်းသား သံဃာတော်တစ်ပါးမှ လူနာ၏လိုအပ်သော(B+)သွေး(၁)လုံးအား ဇီဝိတဒါနအနေဖြင့် သွေးလှူဒါန်းရန် အတွက် WLC-01 ဖြင့်အသွားအပြန်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

👉မိတ်ဆွေတို့အနေဖြင့်(၇)ရက်သားသမီးများ၏ #အရေးပေါ်သွေးအမျိုးအစားများလိုအပ်ပါက

🏠ရန်ုကုန်တိုင်း‌ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်းမကြီး၊ အမှတ်(၂)ရပ်ကွက်၊‌အမှတ်(၅၀၄)၊ ရွှေပြည်သာကွေ့မှတ်တိုင်အနီး တွင်တည်ရှိသော #We_Love_Care_Burma အသင်းရုံးသို့ ☎️ဖုန်းဆက်၍ သော်လည်း​ကောင်း၊🚶လူကိုယ်တိုင်သော်လည်း​ကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း 📢နှိုးဆော်အပ်ပါသည်။🙏🙏🙏

ဇီဝိတဒါန

(၁၀-၄-၂၀၂၃)ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ချမ်းမြေ့ဝင်းဆေးခန်းတွင် အရေးပေါ် (B+) သွေး(၁)လုံးလိုအပ်ကြောင်း လူနာရှင်မိသားစု မှ #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း သို့ အကူအညီတောင်းသဖြင့် အသင်းသား ညီငယ် သည် လူနာ၏လိုအပ်သော (B+)သွေး(၁)လုံးအား ဇီဝိတဒါနအနေဖြင့် သွေးလှူဒါန်းခဲ့ပါသည်။

ဇီဝိတဒါန သွေးလှူဒါန်းမှု ကုသိုလ်ပြု

(၂-၁-၂၀၂၃)ရက်နေ့တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဆေးရုံတွင် အရေးပေါ် (AB+) သွေး(၁)လုံးလိုအပ်ကြောင်း လူနာရှင် မှ အကူအညီတောင်းသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ အသင်းသားဖြစ်သူ မောင်ဝေဖြိုးလွင် မှ လူနာလိုအပ်နေသော (AB+)သွေး(၁)လုံးအား ဇီဝိတဒါနအနေဖြင့် သွေးလှူဒါန်းခဲ့ပါသည်။

ဇီဝိတဒါန

ဇီဝိတဒါန သွေးလှူဒါန်းမှု ကုသိုလ်ပြု ❣️

(၂၇-၁၂-၂၀၂၂)ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်၊ ကုတင်(၅၀၀)ဆေးရုံ တွင် အရေးပေါ် (O+) သွေး(၁)လုံးလိုအပ်ကြောင်း လူနာရှင်မိသားစု မှ အကူအညီတောင်းသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ အသင်းသား ညီငယ် သည် လူနာ၏လိုအပ်သော (O+)သွေး(၁)လုံးအား ဇီဝိတဒါနအနေဖြင့် သွေးလှူဒါန်းခဲ့ပါသည်။

👉မိတ်ဆွေတို့အနေဖြင့်(၇)ရက်သားသမီးများ၏ #အရေးပေါ်သွေးအမျိုးအစားများလိုအပ်ပါက

🏠ရန်ုကုန်တိုင်း‌ဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်းမကြီး၊ အမှတ်(၂)ရပ်ကွက်၊‌အမှတ်(၅၀၄)၊ ရွှေပြည်သာကွေ့မှတ်တိုင်အနီး တွင်တည်ရှိသော #We_Love_Care_Burma အသင်းရုံးသို့ ☎️ဖုန်းဆက်၍ သော်လည်းကောင်း၊🚶လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း 📢နှိုးဆော်အပ်ပါသည်

ဇီဝိတဒါန

(၄-၁၁-၂၀၂၂)ရက်နေ့တွင် အလုံမြို့နယ်၊ ဟယ်လ်ပင်ကလေးဆေးရုံ တွင် ကလေးလူနာအား အရေးပေါ် (AB+) သွေး(၁)လုံးလိုအပ်ကြောင်း သွေးအလှူရှင် မှ အကူအညီတောင်းသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ အသင်းသူ ညီငယ် သည် လူနာ၏လိုအပ်သော (AB+)သွေး(၁)လုံးအား ဇီဝိတဒါနအနေဖြင့် သွေးလှူဒါန်းခဲ့ပါသည်။

ဇီဝိတဒါန သွေးလှူဒါန်းမှု ကုသိုလ်ပြု

(၁၆-၈-၂၀၂၂)ရက်နေ့တွင် လမ်းမတော်မြို့နယ်၊ ဗဟိုရ်စည်ဆေးရုံ တွင် ဂုတ် နှင့် ခါး(အာရုံကြော) ခွဲစိတ်မည့်အမျိုးသားလူနာအား အရေးပေါ် (O+) သွေး(၁)လုံးလိုအပ်ကြောင်း သွေးအလှူရှင်ညီမငယ်၏မိတ်ဆွေ မှ တဆင့် #ပြန်လည်ရှင်ရေးသွေးပရဟိတအသင်း နှင့် ချိတ်ဆက်ကာ အကူအညီတောင်းသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ အသင်းသူ ညီမငယ် သည် လူနာ၏လိုအပ်သော (O+)သွေး(၁)လုံးအား ဇီဝိတဒါန(၄)ကြိမ်မြောက်အနေဖြင့် သွေးလှူဒါန်းခဲ့ပါသည်။

ဆိုင်ကယ်အက်စီးဒင့်

(၈-၇-၂၀၂၂) ရက်နေ့၊ (၀၉:၁၀) နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံအနီး နီလာလမ်းထိပ်မှ ဆိုင်ကယ်အက်စီးဒင့် လူနာအား အင်းစိန်ဆေးရုံသို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

ဇီဝိတဒါန (သွေးလှူဒါန်းခြင်း)

(၂၂-၆-၂၀၂၂) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီခန့်တွင် အမှတ်(၁၃)ရပ်ကွက်မှ ခါးရိုးကျိုးလူနာအား WLC-02 ဖြင့် ကောင်းစုအောင်ဆေးရုံသို့ ကူညီပို့ဆောင်စဉ် လူနာမှာအစာအိမ်သွေးကြောပေါက်၍ အရေးပေါ် (O+) သွေး (၃) လုံးခန့် လိုအပ်ကြောင်း ဆေးရုံမှသိရှိရသဖြင့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ အသင်းသားဖြစ်သူ ကိုအောင်ပြည့်ဖြိုး မှ လူနာ၏လိုအပ်ချက် (၃)လုံးအနက် (ပထမ)ဆုံး သွေး(၁)လုံးအား ဇီဝိတဒါနအဖြစ် လှူဒါန်းခဲ့ပါသည်။