We Love Care Burma .

တပေါင်းလပြည့်နေ့

မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့

~~~~~~~~~~~~~~~~~~~~~~~~~~~~

ယနေ့သည်တပေါင်းလပြည့်

မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဖြစ်ပါသည်။ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်တပေါင်းလပြည့်နေ့ကိုမြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဟုသတ်မှတ်ခေါ်ဝေါ်ကြသည်။

မြတ်ဗုဒ္ဓပြည်တော်၀င်အခါတော်နေ့ဖြစ်ပေါ်လာပုံ

~~~~~~~~~~~~~~~~~~~~~~~~~~~~~

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် အခါကာလက မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။

ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို အခြွအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။

သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးက အမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ ဘုရားပင့်ရန်သွားသူ အမတ်များသည် ဘုရားရှင်နှင့် တွေ့၍ တရားနာရသောအခါ ဧဟိဘိက္ခူ ရဟန်းများ ဖြစ်ကုန်ကြပြီး ကပိလ၀တ်သို့ မပြန်ကြတော့။

နောက်ဆုံးအသုတ်ကို ကာဠုဒါယီအမတ်ကြီး ခေါင်းဆောင်၍ သွားသည့်အခါတွင်လည်း ဘုရားရှင်၏ တရားနာရပြီးနောက် ကာဠုဒါယီအမတ်ကြီး ရဟန္တာဖြစ်သွားပါသည်။

သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။

ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီးပေါ်ပေါက်လာသည်။ ဂါထာ (၁၀၀၀)ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါ အရဟတ္တဖိုလ် တည်သွားသည်။

ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော် ဂေါတမီသည်လည်း သောတာပန်တည်သည်။

ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။

ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။

သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ သာကီ၀င်မင်းသားတထောင်ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့် ကာဠုဒါယီမထေရ်အား ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်တော်ပြန်ခရီး ကြွရောက်တော်မူခြင်းဖြင့် သာသနာ့သမိုင်းမှာ ကောင်းသော အကျိုးဆက်များ

မြတ်စွာဘုရားရှင် ကပိလဝတ်ပြည်တော်ပြန်ခရီး ကြွရောက်တော်မူခြင်းဖြင့် သာသနာ့သမိုင်းမှာ ကောင်းသော အကျိုးဆက်များကား….,​

🔹ဖခင်သုဒ္ဓေါဓနမင်းကြီးစသော ဆွေတော်မျိုးတော် သာကီဝင်မင်းအပေါင်းတို့သည် မြတ်စွာဘုရားရှင်နှင့် သံဃာတော်များ သီတင်းသုံးတော်မူစေရန်အတွက် ဆောက်လုပ်ထားသော နိဂြောဓာရုံကျောင်းတော်ကြီး ပေါ်ပေါက်လာခြင်း။

🔹သာကီဝင်မင်းမျိုးတို့၏ မာန်စွယ်ကို ပယ်ရှားသောအားဖြင့် ပေါက္ခရဝဿမိုးကိုရွာသွန်းစေပြီး ထိုပေါက္ခရဝဿမိုးကို အကြောင်းပြု၍ ဝေဿန္တရာဇာတ်တော်ကို ဟောကြားတော်မူခြင်း၊

🔹ဆွမ်းပင့်ဖိတ်သူ ဒကာများမရှိခဲ့ပါလျှင် အိမ်စဉ်မပြတ် လှည့်လည်ဆွမ်းခံရပ်ခြင်းသည် ဗုဒ္ဓဝံသ ဗုဒ္ဓအနွယ်ဝင် ဖြစ်သော ရှေးရှေးဘုရားရှင်တို့၏ အနွယ်စဉ်ဆက်မှ ဆင်းသက်လာသောအကျင့်မြတ်ဖြစ်ကြောင်းကို (၂)ဂါထာဖြင့် မြတ်စွာဘုရားရှင်မှ ခမည်းတော် သုဒ္ဓေါဓနမင်းကြီးကို ဟောတော်မူခြင်းကြောင့် ပထမဂါထာဖြင့် သုဒ္ဓေါဓနမင်းကြီး သောတာပန်တည်ခြင်း၊

ဒုတိယဂါထာဖြင့် သကဒါဂမ်တည်ခြင်း၊ မိထွေးတော်ဂေါတမီမှာ သောတာပန်တည်ခြင်း၊ မဟာဓမ္မပါလဇာတ်တော်ကို ဟောကြားတော်မူပြီး ဖခင်ကြီးအား အနာဂါမ်တည်စေခြင်း၊ နောင်သောအခါ အရဟတ္တဖိုလ်တည်ခြင်း။

🔹ယသောဓရာမိဖုရားကို အကြောင်းပြု၍ စန္ဒကိန္နရီဇာတ်ကို ဟောကြားတော်မူခြင်း၊

🔹ဇနပဒကာလျာဏီ၏ နန္ဒမင်းသားကို ရဟန်းပြုပေးခြင်း၊

🔹သားတော်ရာဟုလာ အမွေတောင်းခံခြင်းကို အကြောင်းပြု၍ လောကုတ္တရာအမွေ ပေးသည့်အနေဖြင့် သာမဏေဘောင်သို့ သွတ်သွင်းခြင်း၊ မိဘတို့ ခွင့်မပြုသော သားကို ရဟန်းပြုမပေးရဟူသော သိက္ခာပုဒ်ကို ပညတ်ခြင်း။

🔹သာကီဝင်မင်း မင်းသားတစ်ထောင် ရဟန်းပြုခြင်း၊ ထိုသာကီဝင်မင်း မင်းသားတစ်ထောင်မှ ထင်ရှားကျော်ကြားသည့် အနုရုဒ္ဓ၊ အာနန္ဒ၊ ဘဒ္ဒိယ၊ ကိမိလ၊ ဘဂု၊ ဒေဝဒတ္တ(ဒေဝဒတ်) ၇ဦးတို့သည် မြတ်စွာဘုရားရှင် သီတင်းသုံးတော်မူရာ ဝေဠုဝန်ကျောင်းတော်သို့ လိုက်ပါသွား၍ ဒုတိယဝါကပ်တော်မူခြင်း၊ ထိုဝါတွင်း၌ပင် ထို(၇)ဦးထဲမှ အရှင်ဘဒ္ဒိယသည် ဝိဇ္ဇာသုံးပါး ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာဖြစ်ခြင်း၊

အရှင်အနုရုဒ္ဓါကား ဒိဗ္ဗစက္ခု အဘိဉာဏ်ကို ရခြင်း၊ အရှင်အာနန္ဒာကား သောတာပန်ဖြစ်ခြင်း၊ အရှင်ဘဂု၊ အရှင်ကိမိလ အရှင်ဥပါလိတို့သည်နောင်သောအခါ ရဟန္တာဖြစ်ခြင်း၊ အရှင်ဒေဝဒတ်ကား ပုထုဇဉ်၏ အဘိဉာဏ်တန်ခိုးဖြင့် ပြည့်စုံခြင်း၊

🔹အရှင်သာရိပုတ္တရာလျှောက်ထား၍ ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားခြင်း။

🔹ကာဠုဒါယီမထေရ်က ဆွေမျိုးတို့အား မြတ်စွာဘုရားရှင်ကို ကြည်ညိုစေရန် စွမ်းဆောင်ရာ၌ အမြတ်ဆုံးဘွဲ့ ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့ကို ချီးမြင့်တော်မူခြင်း စသော အကျိုးဆက်တို့ပင်တည်း။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်

ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီး

တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍

ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု

သမိုင်းကဆိုသည်။

ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

ကိုးကား/Wikipedia,

ဒေါက်တာ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)

7,611 thoughts on "တပေါင်းလပြည့်နေ့"

  1. LarryGoath

    zoloft pill: zoloft generic – zoloft without dr prescription

  2. Linwoodpex

    neurontin 100 mg capsule: neurontin online usa – Neuro Relief USA

  3. Linwoodpex

    zoloft generic: zoloft no prescription – zoloft without rx

  4. GlennElori

    https://ivertherapeutics.shop/# Iver Therapeutics

Leave a Reply

Your email address will not be published. Required fields are marked *