Emergency Rescue

မီး​​လောင်မှု

၁၆.၆.၂၃ ရက်​နေ့ည ၁၀ နာရီခွဲခန့် အင်းစိန်​စော်ဘွားကြီးကုန်းဝန်း မီး​​လောင်မှုဖြစ်စဥ်အား #We_Love_Care_Burma အသင်းမှ အ​ရေး​ပေါ်ယာဥ်တစ်စီးထွက်ခွာကူညီခဲ့ပါသည်။

သစ်ပင်လဲကျမှုရှင်းလင်း

(၁၃-၅-၂၀၂၃) ညနေ၊ (၀၃:၄၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ရွှေလမ်းသွယ် အတွင်း သစ်ပင်လဲကျမှုအား ရွှေပြည်သာမီးသတ်တပ်ဖွဲ့-မဉ္ဇူ-၃ နှင့် ပူးပေါင်းကာ #WeLoveCareBurma ပရဟိတအသင်းတို့ ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။

သစ်ကိုင်းကျိုးကျမှု

(၁၃-၅-၂၃) ရက်နေ့ နံနက်ပိုင်း ရွှေပြည်သာမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ပါတ်လမ်းပေါ်တွင် သစ်ကိုင်းကျိုးကျမှုအား #သဇင်အောင်လူမှုကူညီရေးအသင်း နှင့် #WeLoveCareBurma ပရဟိတအသင်းတို့ ပူးပေါင်း ရှင်းလင်းဆောင်ရွက်။

လမ်းပိတ်ဆို့မှုရှင်းလင်းဆောင်ရွက်

(၁၃-၅-၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ နွယ်သာကီလမ်းပေါ် သစ်ပင်ကျိုးကျပြီး လမ်းပိတ်ဆို့မှုအား (၂)ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့၊ #WeLoveCareBurma ပရဟိတအသင်း ၊ #သဇင်အောင်လူမှုကူညီရေးအသင်း#ပန်းဥယျဉ်အင်းစိန် တို့ ပူးပေါင်းဆောင်ရွက်။

ရှာဖွေကယ်ဆယ်

(၉-၅-၂၃) ရက်နေ့၊ မီးသတ်ဦးစီးဌာနချုပ်၊ မရမ်းကုန်း၊ ရန်ကုန်။

‼️သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့ရှိ ပရဟိတညီနောင်များ အသင့်ပြင်ဆင်မှု။

ဓါတ်ရိုက်မှန်လူနာ

(၅-၅-၂၀၂၃)ရက်နေ့၊ နေ့လည်(၀၁:၁၅)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂) ရပ်ကွက် မှ သီလရှင်ဆရာလေး ဓါတ်မှန်ရိုက်ရန်အတွက် ကောင်းစုအောင်ဆေးခန်း သို့ WLC-01 ဖြင့်အသွားအပြန် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

လမ်းပိတ်ဆို့မှုအား ရှင်းလင်းဆောင်ရွက်

(17-2-23) ရက်နေ့၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၈)ရပ်ကွက်၊ ဦးအောင်ဇေယျလမ်းတွင် လေတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုကြောင့် သစ်ကိုင်းကျိုးကျ၍ လမ်းသွားလမ်းလာများ ပိတ်ဆို့နေမှုအား #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ ရှာဖွေကယ်ဆယ်ရေးယာဉ် HSE/7622 နှင့် အရေးပေါ်ယာဉ် HSE/7623 တို့ထွက်ခွါပြီး ရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြပါသည်။

လှိုင်သာယာမီးလောင်မှု

၂၇.၁.၂၀၂၃ ရက်နေ့၊ ၁၉ ၄၃ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ မဟာမင်းခေါင်လမ်း၊ စိန်ဂေဟာ တွင် မီးလောင်မှုဖြစ်ပွားကြောင်း 191 Report application မှ သတင်းပေးပို့လာပါသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် အုပ်စုများထွက်ခွာလျက်ရှိပါသည်။

Update

၁၉ ၄၈ အချိန် Level 1 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

Update

၂၀ ၁၃ အချိန် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ယာဉ်အုပ်စုများနှင့် level 2 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

Update

၂၀ ၃၃ အချိန် Level 3 ယာဉ်အုပ်စုများ ထွက်ခွာလျက်ရှိပါသည်။

Update

၂၀ ၅၄ အချိန် မီးထိန်းပါသည်။

Update

၂၂ ၂၃အချိန် မီးငြိမ်းပါသည်။

အဆိုပါမီးလောင်မှုအား #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ လူနာတင်ယာဉ်တစ်စီးထွက်ရှိပြီး အခြားပရဟိတအသင်းများနှင့်အတူ ပူးပေါင်ကူညီပေးခဲ့ပါသည်။

မီးလောင်မှုဖြစ်

၂၀.၁.၂၀၂၃ ရက်နေ့၊ ၂၃ ၃၇အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အုတ်ဖိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။

Update

(၂၃ ၄၄)အချိန်မီးထိန်းပါသည်။

Update

(၂၃ ၄၈)အချိန်မီးငြိမ်းပါသည်။

အဆိုပါမီးလောင်မှုအား #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ လူနာတင်ယာဉ်တစ်စီးထွက်ရှိပြီး ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့နှင့်ရွှေပြည်သာမြို့နယ်ပရဟိတအသင်းများနှင့်အတူ ပူပေါင်းကူညီပေးခဲ့ပါသည်။

မီးလောင်ပြင်မှလူနာ

(၁၃-၁-၂၀၂၃) ရက်နေ့၊ ညနေ(၀၆:၀၀)နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ အနီးရှိ GRAND ROYAL စက်ရုံ မီးလောင်ပြင်တွင် ထိခိုက်ဒဏ်ရာရရှိသော အမျိုးသားလူနာ(၂)ဦးအား အင်းစိန်ဆေးရုံ သို့ WLC-01 / WLC-04 တို့ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။