
မီးလောင်မှုဖြစ်
၂၀.၁.၂၀၂၃ ရက်နေ့၊ ၂၃ ၃၇အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အုတ်ဖိုလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာလျက်ရှိပါသည်။
Update
(၂၃ ၄၄)အချိန်မီးထိန်းပါသည်။
Update
(၂၃ ၄၈)အချိန်မီးငြိမ်းပါသည်။
အဆိုပါမီးလောင်မှုအား #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ လူနာတင်ယာဉ်တစ်စီးထွက်ရှိပြီး ရွှေပြည်သာမြို့နယ် မီးသတ်တပ်ဖွဲ့နှင့်ရွှေပြည်သာမြို့နယ်ပရဟိတအသင်းများနှင့်အတူ ပူပေါင်းကူညီပေးခဲ့ပါသည်။







