
မြန်မာ့အရေးဖြေရှင်းရန်ပူးပေါင်းဆောင်ရွက်မည်
မြန်မာ့အရေးဖြေရှင်းရာတွင် အရှေ့တောင်အာရှိနိုင်ငံများအဖွဲ့ (အာဆီယံ)၊ ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထူးသံတမန်တစ်ဦးကိုလည်း ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇွန်(၂၁)ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက ပြောကြားကြောင်း ဗွီအိုအေသတင်းဌာနတွင် ဖေါ်ပြသည်။
