ယာဉ်တိုက်မှု
(၅.၅.၂၀၂၃)ရက်နေ့ ၊ နေ့လည် (၀၁:၄၀) နာရီခန့် ဒညင်းကုန်းလမ်းဆုံအကျော် အစာစပ်စက်မှတ်တိုင်အနီးတွင် ၁၂ ဘီးကားနှင့်တွဲကား ယာဥ်တိုက်မှု့ဖြစ်ပွားကြောင်း အသင်းသို့သတင်းပေးလာသဖြင့် WLC-04 ဖြင့် ထွက်ခွာကူညီခဲ့ပါသည်။ ၎င်းယာဥ်တိုက်မှု့ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ပါသည်။