
ရေဘေးအတွက် စားနပ်ရိက္ခာ ဖြည့်တင်း
(၁၈-၈-၂၀၂၂) ရက်နေ့၊ ရွှေပြည်သာမြို့နယ် အမှတ်(၂၄)ရပ်ကွက် ဇီးကုန်းကျေးရွာ အင်းပေါက်စု၊ ကွက်သစ် နှင့် ငွေပန်းခြံနေရာများတွင် ရေများကျန်ရှိနေသေးသဖြင့် လိုအပ်သော နေ့လည်စာအာဟာရဒါနများကို အလှူရှင် Princess အထည်ချုပ်လုပ်ငန်း မိသားစုများ ကိုယ်စား ကုသိုလ်ပြုသွားရောက်၍လှူဒါန်းပေးခဲ့ပါသည်။











