လမ်းဖြတ်ကူးမှု သတိပြု
(၇-၇-၂၂) ရက်နေ့၊ နံနက် (၉:၂၀) ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်ပိုင်၊ ငွေလမ်းထိပ်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆိုင်ကယ် စီးနင်းလာသူနှင့် လမ်းဖြတ်ကူးသူတို့ မတော်တဆ ဆိုင်ကယ်တိုက်မှုဖြစ်၍ အနီးရှိ တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကူအညီ တောင်းခံလာသဖြင့် ချက်ချင်းအရေးပေါ် ကယ်ဆယ်ရေးဆောင်ရွက်ရာ၊ လူနာဦးရေ (၂) ဦးဖြစ်သဖြင့် WLC-02 နှင့် WLC-04 တို့ သယ်ဆောင်ပြီး အင်းစိန်ဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။