လူနာတင်ကုတင်အလှူရှင်များ
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊ ရွှေပြည်သာကွေ့အနီးရှိ #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း (We_Love_Care_Burma)၏ ကျန်းမာရေးစောင့်ရှောက်မှုများအတွက် အရေးပေါ်လူနာများအား အရေးပေါ် သယ်ဆောင်နိုင်ရန် လိုအပ်လျှက်ရှိသော #လူနာကုတင်ဝယ်ယူနိုင်ရေးအတွက် စေတနာသဒ္ဓါဖြူစင်စွာဖြင့် ပါဝင်လှူဒါန်းသည့် အလှူရှင်များဖြစ်ကြသော ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ မဆုမြတ်နိုးနွယ် အလှူငွေ (၃၀၀,၀၀၀) သုံးသိန်းကျပ် နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှ အလှူရှင် “ဦးဝဏ္ဏအောင်+ဒေါ်စုစု” မိသားစု အလှူငွေ (၂၀၀,၀၀၀) နှစ်သိန်းကျပ် အသီးသီး ပါဝင်လှူဒါန်းသွားပါသည်။
လှူဒါန်းရသော ဤကောင်းမှုကံ စေတနာတို့ကြောင့် အလှူရှင်နှင့်တကွ မိသားစုအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာ ၍ အလှူရေစက်လက်နှင့်မကွာ လှူဒါန်းနိုင်ကြပြီး ကပ်သုံးပါး ကျော်လွှားနိုင်ပြီးလျှင် မဂ်ဖိုလ် နိဗ္ဗာန် တက်လှမ်းနိုင်ကြပါစေကြောင်း (၇)ရက်သားသမီးများ ၏ ကိုယ်စားကျွန်ုပ်တို့ #We_Love_Care_Burma မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
မိတ်ဆွေတို့အနေဖြင့်(၇)ရက်သားသမီးများ၏
#အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကုသိုလ်ပြုပါဝင် လှူဒါန်းလိုပါက
ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၄)လမ်းမကြီး၊ ရွှေပြည်သာကွေ့အနီး၊ ကောင်းစုစံကိုယ်ပိုင်အထက်တန်းကျောင်းအရှေ့
#We_Love_Care_Burma အသင်းရုံးသို့
ဖုန်းဆက်၍သော်လည်းကောင်း၊လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည် ။
dubpoer
[url=https://fastpriligy.top/]where to buy priligy in malaysia[/url] passion3flower August 1, 2014 at 3 49 pm