သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုသည်မှာ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများ လျော့ပါး နိုင်သမျှ လျော့ပါးရေးအတွက် သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း အပါအဝင် သဘာဝဘေးအန္တရာယ် လျော့ပါးရေး လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ရှာဖွေကယ်ဆယ်ရေးအပါအဝင် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေး အစီအမံများထည့်သွင်း ဆောင်ရွက်သည့် လုပ်ငန်းများကို လည်းကောင်းဆိုသည်။