အလှူရှင်မိသားစု
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်နေထိုင်သော
အလှူရှင် “ဦးထိုက်(မိသားစု)မှ အသင်းလိုအပ်သောနေရာများတွင် အသုံးပြုနိုင်ရန် အလှူတော်ငွေ(၁၀၀,၀၀၀)တစ်သိန်းကျပ်ကို #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း သို့ (၇)ရက်သားသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအထောက်အကူပြုနိုင်ရန်အတွက် သဒ္ဓါကြည်ဖြူစွာဖြင့် လှူဒါန်းလို့သွားပါသည်။
လှူဒါန်းရသော ဤကောင်းမှုကံ စေတနာ၊ သဒ္ဓါ တို့ကြောင့် အလှူရှင်များနှင့်တကွ မိသားစုများအားလုံး စိတ်ရောကိုယ်ပါ၊ ချမ်းသာကြလို့ စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးပွါးနိုင်ကြပါစေကြောင်း (၇)ရက်သားသမီးများ၏ ကိုယ်စား ကျွန်ုပ်တို့ #We_Love_Care_Burma မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
မိတ်ဆွေတို့အနေဖြင့်(၇)ရက်သားသမီးများ၏#အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကုသိုလ်ပြုပါဝင် လှူဒါန်းလိုပါက
ရန်ုကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်းမကြီး၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပြည်သာကွေ့မှတ်တိုင်အနီး တွင်တည်ရှိသော #We_Love_Care_Burma အသင်းရုံးသို့ ဖုန်းဆက်၍ သော်လည်းကောင်း၊လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။