“ပင်တိုင်စံမလေး” မြသီတာ
We Love Care Burma ပရဟိတအသင်းမှာ လိုအပ်ချက် တစ်ခုခုရှိလာရင် သီတာဘယ်မှာလဲ xxx သီတာနေပါအုံး (သီတာလှူပါအုံး) ဆိုပြီး အတင်းရော အဓမ္မပါ အလှူခံရတော့တာပဲ။
“တောက်မယ့်မီးခဲ တရဲရဲ” ဆိုသလို သဒ္ဓါ သီလ သုတ စာဂ သူတော်ကောင်းတရားတွေနဲ့ ပြည့်နေသူမို့ ပေးကမ်း စွန့်ကြဲ လှူဒါန်းရဖို့ဆိုရင် စေတနာ သဒ္ဓါအပြည့်နဲ့ လှူဒါန်းတတ်သူ။ ကောင်းကံတွေကို အမြဲပြုနေသူမို့ ကံကောင်းခြင်းတွေလည်း အမြဲရနေသူ။
We Love Care Burma ရဲ့ “ပင်တိုင်စံမလေး” မှ ရှာဖွေကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်ရန် တန်ဖိုးငွေ (၃၅၀၀၀၀) နှင့်ညီမျှသော Chain Saw (မော်တာလွှစက်) ကို လှူဒါန်းပါသည်။