မဂ်ဖိုလ် နိဗ္ဗာန် တက်လှမ်းနိုင်မည့်သူ
(၁၆-၁၀-၂၀၂၂)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်၊ ပန်းခြံစုလမ်းတွင်နေထိုင်သောအလှူရှင်”ဦးသန်းနိုင်ဦး+ဒေါ်အေးအေးပြုံး” မိသားစု မှ အလှူငွေ (၁၀၀,၀၀၀)တစ်သိန်းကျပ်ကို#လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း သို့ (၇)ရက်သားသမီးများ၏ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု အထောက်အကူပြုနိုင်ရန်အတွက် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့်ကိုယ်တိုင်လာရောက်လှူဒါန်းလို့သွားပါသည်။
လှူဒါန်းရသော ဤကောင်းမှုကံ စေတနာ၊ သဒ္ဓါ တို့ကြောင့် အလှူရှင်မိသားစုများအားလုံး စိတ်ရောကိုယ်ပါကျန်းမာ၊ချမ်းသာကြလို့ စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးပွါးပြီး ကပ်သုံးပါး ကျော်လွှားနိုင်ကြပြီးလျှင် မဂ်ဖိုလ် နိဗ္ဗာန် တက်လှမ်းနိုင်ကြပါစေကြောင်း ကျွန်ုပ်တို့ #We_Love_Care_Burma မိသားစု မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။