တက္ကဆီငှါးစီးတဲ့ မဗိုက်လဲ ကံမကောင်း

Posted on July 17, 2022

(၁၂-၇-၂၀၂၂) ရက်နေ့၊ နံနက်(၀၅:၅၀) နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ် ဒညင်းကုန်းနှင့်မဂ်လာဒုံ ဆက်သွယ်ထားသောလမ်းမကြီးစုဆောင်ရေးမှတ်တိုင်အနီးတွင် ကားတစ်စီး သစ်ပင်အားဝင်တိုက်ထားကြောင်း ရုံးသို့ဖုန်းဆက်အကူအညီတောင်းလာသဖြင့် ရုံးမှWLC-04 ဖြင့် လူနာအမျိုးသမီးကိုယ်ဝန်ဆောင် ခါးထိခိုက်အား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

မွေးနေ့ရည်မှန်း ကုသိုလ်ငြမ်း

Posted on July 11, 2022

စင်္ကာပူနိုင်ငံတွင် နေထိုင်ကြသော ဖေဖေ ကိုသူရအောင် + မေမေ မဖြူဖြူလွင် တို့မှ လာမည့် စက်တင်ဘာ (၁၅) ရက်နေ့တွင် ကျရောက်မည့် သမီးလေး ထက်ရွှေရည်ကို (၂)နှစ်ပြည့် မွေးနေ့အား ရည်မှန်းကာ အနန္တငါးဖြာ ဦးထိပ်ပန်ဆင်လျှက်…

တိတ္ထိရန်ဖြို မြတ်ဝါဆို

Posted on July 11, 2022

အလုံးစုံသော ကိုယ်တော်မှ ထွက်ပေါ်လာသော ရေအစုံ၊ မီးအစုံ အဖုံဖုံသော တန်ခိုးပြာဋိဟာ ရောင်ခြည်တော်တို့သည် ပြိုးပြိုးပြက်ပြက် အထက်ဗြဟ္မာပြည်တိုင် ပျံတက်တော်မူ၏။ ထို့ပြင် မြတ်ဗုဒ္ဓသည် နိမ္မိတရုပ်ပွားတစ်ဆူကို ဖန်ဆင်းတော်မူလျက် လျောင်းကာ၊ ထိုင်ကာ၊ စင်္ကြံလျှောက်ကာဖြင့် အမေးအဖြေပြုလုပ်၍ ခပ်သိမ်းကုန်သော…

ခေတ်သစ် “ဝိသာခါ”

Posted on July 11, 2022

ကျနော်တို့ အသင်းကြီး၏ ဘဏ္ဍာငွေရှာဖွေရေးမှုး အမ မမြသီတာ မှ အသင်းတွင် အမှန်တကယ် နေ့ရောညပါ စွမ်းစွမ်းတမန် ဆောင်ရွက်ပေးနေကြသော ပရဟိတအသင်းသားများအတွက် #ဆန် (၁) အိတ် (၆၀၀၀၀) ကျပ်တန် အားစားနပ်ရိက္ခာအဖြစ် ဖြည့်ဆည်း လှူဒါန်း…

စိမ်းလဲ့ဝေမိသားစုမှ(၅)သောင်းကျပ်လှူဒါန်း

Posted on July 11, 2022

ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်ရှိ #စိမ်းလဲ့ဝေဆေးရုံ မိသားစုမှ #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း #welovecareburma သို့ (၇)ရက်သားသမီးများ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြုနိုင်ရန်အတွက် အလှူငွေ (၅၀၀၀၀) ကျပ်ကို လှူဒါန်းပါသည်။

ကလေးတွေအတွက်တော့ ရန်ကင်း၊ ဟယ်ပင်၊ ပါရမီ

Posted on July 11, 2022

(၁၀-၇-၂၀၂၂) ရက်နေ့၊ ည (၀၉:၁၂) နာရီအချိန်ခန့်တွင် ရွှေပြည်သာ​မြို့နယ် အေးချမ်းအောင်ဆေးရုံမှ လွှဲသော ကလေးလူနာအား ရန်ကင်းကလေးဆေးရုံသို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

လက်မကောင်းလို့ဆေးခန်းပြ

Posted on July 10, 2022

( ၁၀-၇-၂၀၂၂) ရက်နေ့၊ ‌မနက်(၁၀:၀၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊အမှတ်(၈) ရပ်ကွက်၊ ဗညားဒလလမ်း မှ လက်ထိခိုက်လူနာအား ဆေးခန်းပြရန်အတွက် ကောင်းစုအောင်ဆေးခန်း သို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

တစ်ဘဝသို့ကူးပြောင်းခြင်း

Posted on July 10, 2022

(၁၀-၇-၂၀၂၂)ရက်နေ့၊(၁၂:၄၀)နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊အနာဂတ်ဆေးခန်း မှ Dead body အား ရေဝေးသုသာန်သို့ WLC-DB ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အသက်ရှူကြပ်တာကိုယ်ပဲသိ

Posted on July 10, 2022

( ၁၀-၇-၂၀၂၂) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာဆေးရုံ မှ လွှဲပြောင်းသော အသက်ရှူကြပ်လူနာအား အင်းစိန်ဆေးရုံ သို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အသည်းရောဂါ ကုတင်(၅၀၀)

Posted on July 10, 2022

(၁၀-၇-၂၀၂၂) ရက်နေ့၊ နံနက်(၀၇:၁၅)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅/၈) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်း မှအသည်းရောဂါ အမျိုးသားလူနာအား မင်္ဂလာဒုံကုတင်(၅၀၀)ဆေးရုံ သို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။