မျောက်ကျောက်ရောဂါ လက္ခဏာ

Posted on June 23, 2022

လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ရောဂါလောက်တော့ မပြင်းထန်ပါဘူး။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါ ကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး…

မြန်မာ့အရေးဖြေရှင်းရန်ပူးပေါင်းဆောင်ရွက်မည်

Posted on June 23, 2022

မြန်မာ့အရေးဖြေရှင်းရာတွင် အရှေ့တောင်အာရှိနိုင်ငံများအဖွဲ့ (အာဆီယံ)၊ ကုလသမဂ္ဂနှင့် အခြား နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အထူးသံတမန်တစ်ဦးကိုလည်း ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇွန်(၂၁)ရက်တွင် ကနေဒါနိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျိုလီက ပြောကြားကြောင်း ဗွီအိုအေသတင်းဌာနတွင် ဖေါ်ပြသည်။

ထက်သန်တဲ့စေတနာ

Posted on June 23, 2022

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင်နေထိုင်သော အလှူရှင် မဝါ မှ လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း၏ (၂၄)နာရီ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အလို့ငှါ အလှူငွေ (၈၀၀၀၀) ကျပ်ကို ထက်သန်လှသော စေတနာဖြင့် လှူဒါန်းပါသည်ခင်ဗျာ။

စိတ်ကျန်းမာရေး (အင်းစိန်မှရွာသာကြီး)

Posted on June 23, 2022

(၂၃-၆-၂၂) ရက်နေ့၊ နံနက်(၉:၀၀)နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတီဗွီဆေးရုံမှ စိတ်ကျန်းမာရေးကုသမှုလိုအပ်နေသော အမျိုးသားလူနာ(၂)ဦးအား ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသို့ လိုအပ်သော ဆေးစစ်မှုများပြုလုပ်နိုင်ရန်အတွက် ပို့ဆောင်ကူညီပေး၍ ကုသမှုခံယူပြီးနောက်တွင် လူနာနေရပ်ထံ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

မွေးလူနာ (ရွှေပြည်သာမှမေဓါဝီ)

Posted on June 22, 2022

(၂၂-၆-၂၂) ရက်နေ့၊ ည (၈)နာရီခန့်တွင် ရွှေပြည်သာဆေးရုံမှ လွှဲပြောင်းသော မွေးလူနာအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ WLC-01 ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဇီဝိတဒါန (သွေးလှူဒါန်းခြင်း)

Posted on June 22, 2022

(၂၂-၆-၂၀၂၂) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီခန့်တွင် အမှတ်(၁၃)ရပ်ကွက်မှ ခါးရိုးကျိုးလူနာအား WLC-02 ဖြင့် ကောင်းစုအောင်ဆေးရုံသို့ ကူညီပို့ဆောင်စဉ် လူနာမှာအစာအိမ်သွေးကြောပေါက်၍ အရေးပေါ် (O+) သွေး (၃) လုံးခန့် လိုအပ်ကြောင်း ဆေးရုံမှသိရှိရသဖြင့် လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ…

ခါးခွဲလူနာအား ဆေးရုံပို့

Posted on June 22, 2022

၂၂-၆-၂၂) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်မှ ခါးခွဲထားသော လူနာအား ကောင်းစုအောင်ဆေးရုံသို့ ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။

နာရေးကူညီမှု (၂)

Posted on June 21, 2022

🔸(၂၁-၆-၂၂) ရက်နေ့၊ နံနက် (၁၂:၃၀) နာရီခန့်တွင်၊ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖေါင်ကြီးတွင် နေထိုင်သော ဒေါ်နီနီမောင်၊ အသက်(၆၀)နှစ်သည် #Kwekabaw_Hospital_Insein တွင် ဆေးကုသမှုခံယူရင်း ဘဝတစ်ပါးသို့ ပြောင်းသွား၍ ကျန်ရစ်သော ရုပ်ခန္ဓာအား မြောက်ဥက္ကလာပ၊ ရေဝေးသုဿန်သို့…

နာရေးကူညီမှု (၁)

Posted on June 21, 2022

🔸(၂၁-၆-၂၂) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ (၇)ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမှ သေဆုံးသူခန္ဓာအား ကျူချောင်သုဿန်သို့ ပို့ဆောင်ကူညီခဲ့ပါသည်။🔸နာရေးရှင်မှ အလှူငွေ (၁၀၀၀၀) ကျပ်ကို လှူဒါန်းပါသည်ခင်ဗျာ

Dengue Fever (သွေးလွန်တုပ်ကွေး) ရဲ့လက္ခဏာတွေကဘာတွေလဲ

Posted on June 20, 2022

သွေးလွန်တုတ်ကွေးရောဂါ အမျိုးအစားသုံးခုရှိပါတယ်။ classic dengue, dengue hemorrhagic fever နဲ့ dengue shock syndrome တို့ပဲဖြစ်ပါတယ်။ classic dengue ရောဂါလက္ခဏာတွေဟာ ရှုပ်ထွေးမှုမရှိပဲ ရောဂါပိုးရှိတဲ့ ခြင်ကိုက်ခံရပြီး (၄)ရက်ကနေ (၇)ရက်အတွင်း…

ဆိုင်ကယ်အချင်းချင်းတိုက်ခိုက်မှု (ရွှေပြည်သာကွေ့)

Posted on June 20, 2022

(၂၀-၆-၂၂) ရက်နေ့၊ နံနက် (၅:၄၅) နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာကွေ့(ပန်းခြံ)အနီး ဆိုင်ကယ်အချင်းချင်း မတော်တဆ တိုက်ခိုက်မှုဖြစ်ပွါးသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ WLC-01 ထွက်ခွါပြီး မြေပြင် ဆေးကုသမှုလိုအပ်သည်များ ဆောင်ရွက်ပေးကာ သက်သာရာရရှိသူမှာ လိုရာခရီးသို့ ဆက်လက်ထွက်ခွါပြီး…

မူးလဲအမျိုးသမီးလူနာ

Posted on June 20, 2022

(၂၀-၆-၂၂) ရက်နေ့၊ နံနက်(၈:၅၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာကွေ့(ပန်းခြံ)အနီးတွင် လှော်ကားတွင်နေထိုင်သည်ဟု သိရှိရသော (၃)နှစ်သားအရွယ် ကလေးတစ်ယောက်၏မိခင် အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး မူးလဲနေကြောင်း သိရှိရ၍ We Love Care Burma…