လုယက်မှုကြောင့်ထိခိုက်ဒဏ်ရာရ

Posted on March 21, 2023

၂၅-၁၁-၂၂ ရက်နေ့၊ နံနက် (၉:၁၅) နာရီခန့်တွင်အမှတ်(၄)လမ်းမကြီး ရွှေပြည်သာကွေ့ နှင့် စစ်တပ်မှတ်တိုင်ကြား Delivery ပို့ဆောင်သော မမျိုးသန္တာချို မောင်းနှင်လာသော ဘက္ကထီဘီးနှင့် ပါလာပစ္စည်း လုယက်မှုဖြစ်ကာ ဖုန်းတစ်လုံးနှင့် အိတ် ပါသွားပြီး စက်ဘီးမှောက်၍ ခေါင်းထိခိုက်ဒဏ်ရာ…

ဆေးရုံပြောင်းလူနာ

Posted on March 21, 2023

(၂၄-၁၁-၂၀၂၂) ရက်နေ့၊ ည(၁၀:၁၇)အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံ မှ‌ အင်းစိန်ဆေးရုံသို့ ဆေးရုံပြောင်းလူနာအား WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

သစ်ပင်ကိုဝင်တိုက်တဲ့ကား

Posted on March 21, 2023

(၂၄-၁၁-၂၀၂၂) ရက်နေ့၊ ည(၀၉:၁၀)အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ် ခ‌ရေပင်လမ်းခွဲနှင့်တညင်းကုန်းသို့ဆက်သွယ်ထားသော လမ်းမပေါ်တွင် ကားတစ်စီး သစ်ပင်ကိုဝင်တိုက်ထားကြောင်းသတင်းရသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ လူနာတင်ယာဉ်တစ်စီးထွက်ခွာကူညီခဲ့ပြီး အခင်းဖြစ်ပွားရာနေရာအရောက်တွင် လူထိခိုက်မှုမရှိသဖြင့် လိုအပ်တာများကူညီခဲ့ပြီး အသင်းရုံးရှိရာသို့ ဘက်ဂီယာပြန်ထိုးခဲ့ပါသည်။

နှလုံးအမောဖောက်လူနာ

Posted on March 21, 2023

(၂၄-၁၁-၂၀၂၂) ရက်နေ့၊ ည(၀၈:၅၅)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၂၅)ရပ်ကွက် သာဓုကန်ဘုရားလမ်းမှ နှလုံးအမောဖောက်လူနာအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံ သို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

စက်ဘီးမှောက်ပြီး ခြေထောက်ထိ

Posted on March 21, 2023

(၂၄-၁၁-၂၀၂၂) ရက်နေ့၊ ည(၀၇:၄၆)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၂၄)ရပ်ကွက် ပန်းခြံစု(၅)လမ်းမှ စက်ဘီးမှောက်ပြီး ခြေထောက်ထိခိုက်သောလူနာအားဆေးရုံပို့ပေးရန် အသင်းရုံးရှိရာသို့အကူအညီတောင်းခံမှူကြောင့် အင်းစိန်ဆေးရုံ သို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဖျားပြီးသတိလစ်နေသောအမျိုးသမီးလူနာ

Posted on March 21, 2023

(၂၄-၁၁-၂၀၂၂) ရက်နေ့၊ နေ့လည်(၁၁:၃၇)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် ရွှေပြည်သာဆေးရုံမှလွှဲသော ဖျားပြီးသတိလစ်နေသောအမျိုးသမီးလူနာအား အင်းစိန်ဆေးရုံ သို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဇီဝိတဒါန သွေးလှူဒါန်းမှု ကုသိုလ်ပြု

Posted on March 21, 2023

(၂၂-၁၁-၂၀၂၂)ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းဆေးရုံတွင် အရေးပေါ် (O+) သွေး(၁)လုံးလိုအပ်ကြောင်း သွေးအလှူရှင် မှ အကူအညီတောင်းသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ အသင်းသား ညီငယ် သည် လူနာ၏လိုအပ်သော (O+)သွေး(၁)လုံးအား ဇီဝိတဒါနအနေဖြင့် သွေးလှူဒါန်းခဲ့ပါသည်။

ပေါင်ကျိုးလူနာဆေးခန်းပြ

Posted on March 21, 2023

(၂၂-၁၁-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၄၀)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်မှ ပေါင်ကျိုးလူနာအား ကောင်းစုအောင်ဆေးခန်းသို့ပို့ဆောင်ပြီး ဆေးဝါးကုသမှုခံယူကာ နေအိမ် သို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဆေးရုံဆင်းလူနာ

Posted on March 21, 2023

(၂၂-၁၁-၂၀၂၂) ရက်နေ့၊ နေ့လည်(၁၂:၂၀)နာရီအချိန်ခန့်တွင် အကယ်ဒမီဆေးရုံ မှ ဆေးရုံဆင်းလူနာအား စစ်ကြောရေးနေအိမ် သို့ WLC-04 ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ကျောက်ကပ်လူနာ

Posted on March 21, 2023

(၂၂-၁၁-၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၁၇)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၁)ရပ်ကွက်မှ ကျောက်ကပ်လူနာအား ကောင်းစုအောင်ဆေးရုံ သို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အစာအိမ်မှန်ပြောင်းကြည့်အမျိုးသမီးလူနာ

Posted on March 21, 2023

(၂၂-၁၁-၂၀၂၂) ရက်နေ့၊ နံနက်(၀၆:၃၀)အချိန်ခန့်တွင် အင်းစိန်ဆေးရုံမှ အစာအိမ်မှန်ပြောင်းကြည့်အမျိုးသမီးလူနာအား စံပြဆေးရုံသို့ပို့ဆောင်ပေးပြီး ဆေးဝါးကုသမှုများခံယူကာ အင်းစိန်ဆေးရုံ သို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဗိုက်အောင့်လူနာ

Posted on March 21, 2023

(၂၁-၁၁-၂၀၂၂) ရက်နေ့၊ ည(၀၉:၄၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ စိမ်းလဲ့ဝေဆေးရုံ မှ ဗိုက်အောင့်လူနာအား ရွှေလမင်းဆေးရုံ သို့ WLC-01 ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။