ဇီဝိတဒါန သွေးလှူဒါန်းမှု ကုသိုလ်

Posted on August 19, 2022

(၁၀-၈-၂၀၂၂)ရက်နေ့ အင်းစိန်မြို့နယ်၊ ​ကောင်းဆေးရုံတွင် သက်ကြီးအမျိုးသမီးလူနာအား အရေးပေါ် (A) သွေး(၁)လုံးလိုအပ်ကြောင်း ဖုန်းဆက်၍ အကူအညီတောင်းသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ “အတွင်းရေးမှူး ဦးဝင်းနေလှိုင်” သည် လူနာ၏လိုအပ်သော (A)သွေး(၁)လုံးအား ဇီဝိတဒါနအဖြစ် သွေးလှူဒါန်းခဲ့ပါသည်။

ခြေကျိုးလူနာ

Posted on August 19, 2022

(၁၀-၈-၂၀၂၂) ရက်နေ့၊ ညနေ(၀၅:၂၀) အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်၊ သံဖြူဆိုင်စျေးအနီးတွင်နေထိုင်သော ခြေထောက်ကျိုး လူနာအဖွားအား ကောင်းစုအောင်ဆေးခန်းသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူပြီးနေအိမ်ထံသို့ WLC-04 ဖြင့် အသွားအပြန် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ပေါင်မပြည့်တဲ့ကလေးလူနာ

Posted on August 19, 2022

(၉-၈-၂၀၂၂) ရက်နေ့! နေ့လည်(၀၃:၀၀)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် ရွှေပြည်သာဆေးရုံမှလွှဲသော မွေးခန်းထွက်ပေါင်မပြည့်ကလေးလူနာအား ဟက်လ်ပင်ကလေးဆေးရုံသို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အမွှာမွေးလို့ပေါင်မပြည့်တာလား

Posted on August 19, 2022

(၉-၈-၂၀၂၂) ရက်နေ့၊ နေ့လည်(၀၂:၃၂)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အေးချမ်းအောင်ဆေးရုံမှလွှဲသော မွေးခန်းထွက်ပေါင်မပြည့်အမွှာကလေးလူနာ (၂)ဦးအား ဟက်လ်ပင်ကလေးဆေးရုံ သို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

မေဓါဝီဆေးရုံသို့ပို့ဆောင်

Posted on August 19, 2022

(၈-၈-၂၀၂၂) ရက်နေ့၊ ည(၀၉:၃၅)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၇)ရပ်ကွက် မင်းရဲကျော်စွာလမ်းမှ သက်ကြီးပိုင်းအမျိုးသားလူနာအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

သွေးအန်လူနာ

Posted on August 19, 2022

(၈-၈-၂၀၂၂) ရက်နေ့၊ ညနေ(၀၃:၃၀)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ် (၂၅)ရပ်ကွက်မှ သွေးအန်အမျိုးသားလူနာအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

သွေးလွန်တုပ်ကွေး

Posted on August 19, 2022

(၈-၈-၂၀၂၂) ရက်နေ့၊ နံနက်(၀၆:၅)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် ရွှေပြည်သာဆေးရုံမှလွှဲသော သွေးလွန်တုပ်ကွေးကလေးလူနာအား ဟက်လ်ပင်ကလေးဆေးရုံ သို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အရေးပေါ်ကားကိုစောင့်ရင်းမွေးတဲ့မိခင်

Posted on August 19, 2022

(၈-၈-၂၀၂၂) ရက်နေ့၊ ည(၁၂:၀၀)အချိန်ခန့်တွင်် ရွှေပြည်သာမြို့နယ် အမှတ် (၈)ရပ်ကွက် ဇောတိကပန်းခြံမှ မွေးလူနာအား ရွှေပြည်သာဆေးရုံသို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

Oxygen15Liter အိုးအလှူ

Posted on August 19, 2022

(၇-၈-၂၀၂၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော ကွယ်လွန်သူ မိဘနှစ်ပါး အားရည်စူးပြီး အလှူရှင် “ဦးပြည့်ဖြိုးဦး+ဒေါ်ခင်မာစန်း”မိသားစု မှ #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း သို့ (၇)ရက်သားသမီးများ၏ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြုနိုင်ရန်အတွက် လေရှူပိုက် တစ်စုံ၊ Oxygen15Liter အိုး နှင့်…

ရွှေပြည်သာမှဘားလမ်းဆေးရုံသို့

Posted on August 19, 2022

(၇-၈-၂၀၂၂) ရက်နေ့၊ ညနေ(၀၄:၃၅) အချိန်ခန့် တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ သံဒင်းရပ်ကွက် မှ မွေးလူနာအား ဘားလမ်း MOSLIM Free ဆေးရုံ၊ ထိုမှတစ်ဆင့် ဗဟိုအမျိုးသမီးဆေးရုံသို့ WLC-02 ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဆေးကုသမှုခံယူပြီးနေရပ်ပြန်ပို့

Posted on August 19, 2022

(၇-၈-၂၀၂၂) ရက်နေ့၊ ညနေ(၀၅:၂၀) အချိန်ခန့် တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ထွန်းဆေးခန်း မှ သွေးလွန်တုပ်ကွေးကလေးလူနာအား ဟယ်လ်ပင်ကလေးဆေးရုံတွင် လိုအပ်သော ဆေးကုသမှုခံယူပြီး လူနာ၏နေအိမ်သို့ WLC-04 ဖြင့် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဒူးနာ

Posted on August 19, 2022

(၆-၈-၂၀၂၂) ရက်နေ့၊ နေ့လည်(၀၁:၅၀) အချိန်ခန့် တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ မြရတနာလမ်း မှ ဒူးအရွတ်ရောင်အမျိုးသမီးလူနာအား ကောင်းစုအောင်ဆေးခန်း သို့ WLC-01 ဖြင့် အသွားအပြန် ကူညီပို့ဆောင်ပေးခဲ့ပါသည်။