Activities

 

သီတာရှိရာဆီ

Posted on June 25, 2022

(၂၅-၆-၂၂) ရက်နေ့၊ နေ့လည် (၃:၀၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ရွှေလမ်းမှ ခွဲစိပ်ရန်လိုအပ်သော အမျိုးသမီးလူနာအား မြောက်ဥက္ကလာ၊ မေဓါဝီဆေးရုံရှိ၊ သီတာဆောင်သို့ ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။

ရှိတာအကုန်လှူ

Posted on June 25, 2022

(၂၅-၆-၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်၊ ဝါဦး(၅)လမ်းမှ အလှူရှင် ဦးနိုင်ထွန်း+ဒေါ်အေးအေးမြင့်မောင် မိသားစုမှ အောက်စီဂျင် (၄၀)လီတာ အိုး(၁)လုံး၊ အောက်စီမီတာ (၄)လုံး၊ Flowmeter (၁)လုံး၊ လက်အိတ်(၁)ဗူး၊ အသက်ရှူပိုက် စသည်များကို #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း…

ခြေထောက်နာလို့

Posted on June 25, 2022

(၂၅-၆-၂၂) ရက်နေ့၊ နံနက် (၁၂:၀၂) နာရီခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၂)ရပ်ကွက်မှ ခြေထောက်ဒဏ်ရာရထားသော အမျိုးသားလူနာအား စိမ်းလဲ့ဝေဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ရိုက်နက်ခံရသူ

Posted on June 25, 2022

၂၄-၆-၂၂) ရက်နေ့၊ ည (၁၁:၂၀) နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၄)ရပ်ကွက်၊ ကန်သာယာ စစ်အကျဉ်းထောင်လမ်းမှ စိတ်ရောဂါဝေဒနာရှင်အား ရိုက်နက်ခံထားရမှုဖြစ်ပွားသောကြောင့် လူနာရှင်မှ ဆေးရုံပို့ပေးပါရန် အကူအညီတောင်းခံလာသဖြင့် လူမှုဘဝစောင့်ရှောက်ရေးအသင်းမှ WLC-02 ဖြင့် ရွှေပြည်သာဆေးရုံသို့ ပို့ဆောင် ကူညီပေးခဲ့ပါသည်။

သွေးအန်အမျိုးသား

Posted on June 25, 2022

(၂၄-၆-၂၂) ရက်နေ့၊ ည(၇:၃၀)နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၅)ရပ်ကွက်မှ သွေးအန်အမျိုးသားလူနာအား မေဓါဝီဆေးရုံသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အသက်ရှူကြပ်လူနာ

Posted on June 25, 2022

(၂၄-၆-၂၂) ရက်နေ့၊ (၂:၄၀) နာရီခန့်တွင် ရွှေပြည်သာဆေးရုံမှ လွှဲပြောင်းပေးသော အသက်ရှုကြပ်လူနာအား အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။

ဆေးရုံဆင်းလူနာ

Posted on June 25, 2022

၂၄-၆-၂၂) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီခန့်တွင် မေဓါဝီဆေးရုံမှ ဆေးရုံဆင်းလူနာအား အမှတ်(၈)ရပ်ကွက်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်ခင်ဗျာ။

ကျူချောင်သုဿန်ပို့ဆောင်

Posted on June 25, 2022

(၂၄-၆-၂၂) ရက်နေ့၊ နံနက် (၁၀:၅၀) နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှ ဘဝတစ်ပါးပြောင်းသွား၍ ကျန်ရစ်ခဲ့သောရုပ်အလောင်းအား အင်းစိန်ဆေးရုံမှတဆင့် ကျူချောင်သုဿန်သို့ ပို့ဆောင်ကူညီ ပေးခဲ့ပါသည်။

လေဖြတ်လူနာ

Posted on June 25, 2022

(၂၄-၆-၂၂) ရက်နေ့၊ နံနက် (၈:၄၀) နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကမ္ဘောဇပန်းခြံမှ လေဖြတ်အမျိုးသားလူနာအား မြောက်ဥက္ကလာ မေဓါဝီဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်ခင်ဗျာ။

ပရိတ်

Posted on June 24, 2022

ပရိတ်ကြီး ၁၁ သုတ်ကို ရှေး ရဟန်းပညာရှိ နှင့် လူပညာရှိတို့သည် လောကီအန္တရာယ် အမျိုးမျိုးကင်းစေရန်နှင့် လောကုတ္တရာအကျိုးပွားစေရန်အလို့ငှာ သုံးမျိုးသော ပိဋက ကျမ်းစာများထဲမှ ထုတ်နုတ်၍ စီရင်ထားတော်မူခဲ့ကြသည်။ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာများ၌ သာရေး၊ နာရေး ကိစ္စများဖြစ်သော မင်္ဂလာဆောင်၊ ရှင်ပြု၊ အိမ်တက်မင်္ဂလာ၊ နှစ်သစ်ကူးမင်္ဂလာ၊…

ကလေးလူနာ (ရန်ကင်းဆေးရုံပို့)

Posted on June 23, 2022

(၂၃-၆-၂၂) ရက်နေ့၊ နံနက် (၁၁:၅၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အေးချမ်းအောင်ဆေးရုံမှ လွှဲပြောင်းပေးသော ကလေးလူနာအား ရန်ကင်းကလေးဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်ခင်ဗျာ။ လူနာရှင်မှ စက်သုံးဆီဖြည့်တင်းနိုင်ရန် အလှူငွေ (၁၅၀၀၀) ကျပ်ကို လှူဒါန်းပါသည်ခင်ဗျာ။

မျောက်ကျောက်ရောဂါ လက္ခဏာ

Posted on June 23, 2022

လူသားတွေမှာ ခံစားရတဲ့ မျောက်ကျောက်ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင်တူပေမယ့် ကျောက်ရောဂါလောက်တော့ မပြင်းထန်ပါဘူး။ မျောက်ကျောက်ရောဂါပိုး ကူးစက်ခံရပြီဆိုရင် ရောဂါ ကူးစက်ခံရပြီး ၇ ရက်ကနေ ၁၄ ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြနိုင်သလို ရောဂါကူးစက်ခံရပြီး…