Emergency Rescue

 

တက္ကဆီငှါးစီးတဲ့ မဗိုက်လဲ ကံမကောင်း

Posted on July 17, 2022

(၁၂-၇-၂၀၂၂) ရက်နေ့၊ နံနက်(၀၅:၅၀) နာရီအချိန်ခန့်တွင် အင်းစိန်မြို့နယ် ဒညင်းကုန်းနှင့်မဂ်လာဒုံ ဆက်သွယ်ထားသောလမ်းမကြီးစုဆောင်ရေးမှတ်တိုင်အနီးတွင် ကားတစ်စီး သစ်ပင်အားဝင်တိုက်ထားကြောင်း ရုံးသို့ဖုန်းဆက်အကူအညီတောင်းလာသဖြင့် ရုံးမှWLC-04 ဖြင့် လူနာအမျိုးသမီးကိုယ်ဝန်ဆောင် ခါးထိခိုက်အား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။

လက်မကောင်းလို့ဆေးခန်းပြ

Posted on July 10, 2022

( ၁၀-၇-၂၀၂၂) ရက်နေ့၊ ‌မနက်(၁၀:၀၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊အမှတ်(၈) ရပ်ကွက်၊ ဗညားဒလလမ်း မှ လက်ထိခိုက်လူနာအား ဆေးခန်းပြရန်အတွက် ကောင်းစုအောင်ဆေးခန်း သို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အသက်ရှူကြပ်တာကိုယ်ပဲသိ

Posted on July 10, 2022

( ၁၀-၇-၂၀၂၂) ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာဆေးရုံ မှ လွှဲပြောင်းသော အသက်ရှူကြပ်လူနာအား အင်းစိန်ဆေးရုံ သို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

အသည်းရောဂါ ကုတင်(၅၀၀)

Posted on July 10, 2022

(၁၀-၇-၂၀၂၂) ရက်နေ့၊ နံနက်(၀၇:၁၅)နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅/၈) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်း မှအသည်းရောဂါ အမျိုးသားလူနာအား မင်္ဂလာဒုံကုတင်(၅၀၀)ဆေးရုံ သို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

မွေးကင်းစ အရေးပေါ်

Posted on July 9, 2022

(၈-၇-၂၀၂၂) ရက်နေ့၊ (၁၀:၃၀) အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံမှလွှဲသော မွေးကင်းစ ကလေးလူနာအား ရန်ကင်းကလေးဆေးရုံသို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

နှလုံးသွေးကြောကျဉ်း

Posted on July 9, 2022

(၈-၇-၂၀၂၂) ရက်နေ့၊ (၁၀:၂၅)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အေးချမ်းအောင်ဆေးရုံမှလွှဲပြောင်းပေးသော နှလုံးသွေးကြောကျဉ်းလူနာအား မြောက်ဥက္ကလာပမြို့နယ် မေဓါဝီဆေးရုံသို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

ဆိုင်ကယ်အက်စီးဒင့်

Posted on July 9, 2022

(၈-၇-၂၀၂၂) ရက်နေ့၊ (၀၉:၁၀) နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် ထန်းခြောက်ပင်လမ်းဆုံအနီး နီလာလမ်းထိပ်မှ ဆိုင်ကယ်အက်စီးဒင့် လူနာအား အင်းစိန်ဆေးရုံသို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

ရုံးကိုရောက်လာတော့ အဆင်ပြေတာပေါ့

Posted on July 9, 2022

၈-၇-၂၀၂၂) ရက်နေ့၊ (၀၂:၂၀) နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်အမှတ်(၂၅)ရပ်ကွက်မှ လေဖြတ်လူနာအား ဆေးရုံပို့ပေးရန် ရုံးရှေ့သို့လာရောက်အကူအညီတောင်းခံမှုကြောင့် ရုံးရှေ့မှလူနာသယ်ဆောင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

(၄)ဦးဓါတ်လိုက် (၁)ဦးသေဆုံး (ရွှေပြည်သာ)

Posted on July 9, 2022

(8-7-22) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ စက်မှုဇုန်-၂၊ ဦးချစ်ဝန်မင်းကြီးလမ်းတွင် ကွန်တိန်နာ ရွှေ့ပြောင်းတင်ဆောင်ရာတွင် ကရိန်း(၂)စီးဖြင့် ဝန်ချီတင်ဆောင်ကြစဉ် ကရိန်း၏မောင်းတန် ခေါ် (Boom) ဖြင့် ဓါတ်ကြိုးများနှင့် ထိခိုက်ပြီး အလုပ်လုပ်နေသော…

ဆိုင်ကယ်မတော်တဆတိမ်းမှောက်

Posted on July 9, 2022

(၇-၇-၂၂) ရက်နေ့၊ ညနေ (၆:၀၀) ခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ ပုလဲလမ်းဆုံအနီး၊ စက်မှုလမ်းမကြီးပေါ်ရှိ၊ မင်းသမီးသစ်တည်းခိုခန်းအနီးတွင် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦးသည် လမ်းဘေးရှိ ပိတောက်ပင်အား အရှိန်မထိန်းနိုင်ပဲ တိုက်ခိုက်မှုဖြစ်ပွါးသဖြင့် ရုံးသို့ဆက်သွယ် အကြောင်းလာသဖြင့် WLC-04 အရေးပေါ်ထွက်ကာ လူနာအား…

လမ်းဖြတ်ကူးမှု သတိပြု

Posted on July 9, 2022

(၇-၇-၂၂) ရက်နေ့၊ နံနက် (၉:၂၀) ခန့်တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်ပိုင်၊ ငွေလမ်းထိပ်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆိုင်ကယ် စီးနင်းလာသူနှင့် လမ်းဖြတ်ကူးသူတို့ မတော်တဆ ဆိုင်ကယ်တိုက်မှုဖြစ်၍ အနီးရှိ တာဝန်သိပြည်သူတစ်ဦးမှ ဖုန်းဆက်အကူအညီ တောင်းခံလာသဖြင့် ချက်ချင်းအရေးပေါ်…

လေဖြတ်လူနာ

Posted on July 7, 2022

(၆-၇-၂၀၂၂) ရက်နေ့၊ နံနက်(၀၆:၅၈) နာရီအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက်မှ လေဖြတ်လူနာအား အာရှတော်ဝင်ဆေးရုံသို့ WLC-04 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။