Emergency Rescue

 

သွေးကတိုး အမောကဖောက်

Posted on July 4, 2022

(၂-၇-၂၀၂၂) ရက်နေ့၊ ညနေ့(၀၅:၄၅)အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက် ဇောတိကပန်းခြံမှအသင်းသားတစ်ဦး၏မိခင်သည် သွေးတိုး နှလုံးအမောဖောက်နေသဖြင့်လူနာအားး ကောင်းစုအောင်ဆေးရုံသို့ WLC-01 ဖြင့်အသွားအပြန်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

မွေးချင်ပြီနော်

Posted on July 4, 2022

(၂-၇-၂၀၂၂) ရက်နေ့၊နေလယ် (၀၁:၀၀)အချိန်ခန့်တွင် ရွှေပြည်သာဆေးရုံမှလွှဲပြောင်းသောမွေးလူနာအား မြောက်ဥက္ကလာ မေဓါဝီဆေးရုံသို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

ချွန်တာနဲ့ထိုးရင် ဘာမှမကောင်း

Posted on July 3, 2022

(၁-၇-၂၀၂၂) ရက်နေ့၊ ည(၈:၀၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၂၄) ရပ်ကွက်၊ ဇီးကုန်းမြောက်ပိုင်းတွင် ဓားထိုးမှုဖြစ်စဉ်ကြောင့် ဓါးထိုးခံရသောလူနာ( ၂ )ဦးအား ဆေးရုံသို့ပို့သပေးရန် အသင်းရုံးရှိရာသို့ လာရောက် အကူအညီတောင်းခံလာသဖြင့် လူနာများအား အသင်းရုံးမှအင်းစိန်ဆေးရုံသို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပေးခဲ့ပါသည်။

ပတ်တီးများနဲ့လင်မယား

Posted on July 3, 2022

(၃၀-၆-၂၀၂၂) ရက်နေ့၊ည (၁၀:၂၃)နာရီခန့်တွင် ရွှေပြည်သာမြို့နယ် ရွှေပြည်သာဆေးရုံမှလွှဲပြောင်းသော ခိုက်ရန်ဖြစ်ပွားလူနာ ကျား(၁)ဦးနှင့်မ(၁)ဦးအား အင်းစိန်ဆေးရုံသို့ WLC-02 ဖြင့်ကူညီပို့ဆောင်ပေးပါသည်။

သွေးသျှံသူကြီး

Posted on July 3, 2022

(၃၀-၆-၂၀၂၂) ရက်နေ့၊ (၂:၀၄) နာရီခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၂၅)ရပ်ကွက်၊ ဘုံရှည်ကုန်းမှသွေးအန်လူနာအား အင်းစိန်ဆေးရုံသို့ WLC-01 ဖြင့်ကူညီပို့ဆောင်ပြီး ဆေးကုသမှုခံယူ၍ လူနာအား နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။

ကြပ်နေပြီကြပ်နေပြီ

Posted on July 2, 2022

(၂၇.၆.၂၀၂၂)ရက်နေ့ ညနေ့ (၈:၀၀) အချိန်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ သံဒင်း အမှတ်(၂၀)ရပ်ကွက်မှအသက်ရှူ​ကြပ်လူနာအား ရွှေပြည်သာဆေးရုံသို့ WLC-01 ဖြင့်ပို့ဆောင်ကူညိခဲ့ပါသည်။

ဆိုင်ကယ်အချင်းချင်းတိုက်ခိုက်မှု (ရွှေပြည်သာကွေ့)

Posted on June 20, 2022

(၂၀-၆-၂၂) ရက်နေ့၊ နံနက် (၅:၄၅) နာရီခန့်တွင်၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာကွေ့(ပန်းခြံ)အနီး ဆိုင်ကယ်အချင်းချင်း မတော်တဆ တိုက်ခိုက်မှုဖြစ်ပွါးသဖြင့် #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း မှ WLC-01 ထွက်ခွါပြီး မြေပြင် ဆေးကုသမှုလိုအပ်သည်များ ဆောင်ရွက်ပေးကာ သက်သာရာရရှိသူမှာ လိုရာခရီးသို့ ဆက်လက်ထွက်ခွါပြီး…

မူးလဲအမျိုးသမီးလူနာ

Posted on June 20, 2022

(၂၀-၆-၂၂) ရက်နေ့၊ နံနက်(၈:၅၀) နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာကွေ့(ပန်းခြံ)အနီးတွင် လှော်ကားတွင်နေထိုင်သည်ဟု သိရှိရသော (၃)နှစ်သားအရွယ် ကလေးတစ်ယောက်၏မိခင် အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး မူးလဲနေကြောင်း သိရှိရ၍ We Love Care Burma…