We Love Care Burma .

Hand_Sanitizer အလှူ

💜(၁၉/၆/၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၆၃)၊ ပြင်စီမင်းသားကြီးလမ်း၊ စက်မှုဇုန်-၄၊ ဆောက်လုပ်ရေးမှတ်တိုင်အနီးရှိ #Doaru_Industry မှ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသော #Hand_Sanitizer (Economy- 12×3=36 ဗူး) နှင့် လတ်ဆတ်မွှေးကြိုင်လီမွန်ရနံ့ပါသော (Disinfectant Liquid- 12×1=12ဗူး) တို့အား အသင်းရုံးတည်ရှိရာ အမှတ်(၄) လမ်းမကြီး၊ ရွှေပြည်သာကွေ့အနီးသို့ လာရောက်လှူဒါန်းသွားပါသည်ခင်ဗျာ။

💜(၇)ရက်သားသမီးများအတွက် ရောဂါဘယ ကင်းစင်အောင် ရည်သန်၍ လှူဒါန်းပေးပါသော သဒ္ဓါကြည်လင် စေတနာရှင် မိသားစုအားလုံးလည်း ကပ်သုံးပါး ကျော်လွှားနိုင်ကြပါစေ၊ ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့ ညာဘက်က တစ်လှည်းဝင်နိုင်ပါစေ၊ စီးပွါးလာဘ်လာဘများ ဒီရေအလား တိုးပွါးနိုင်ပါစေ၊ ပြုသမျှကုသိုလ်ကောင်းမှုအစုစုသည်လည်း အာသဝေါတရားလေးပါးတို့၏ကုန်ရာ မြတ်နိဗ္ဗာန် အတွက် အထောက်အပံ့ကောင်းများ ဖြစ်နိုင်ပါစေကြောင်း #WeLoveCareBurma – လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းကြီး မိသားစုများမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျာ။

One thought on "Hand_Sanitizer အလှူ"

  1. heldapate

    amazon priligy Packaging Size Pack Of 100 Tabs Usage Clinical, Hospital Product Type Finished Product Dose 10 mg 20 mg Form Tablet Packaging type Sachet Grade Medicine grade Drug name Tamoxifen Citrate

Leave a Reply

Your email address will not be published. Required fields are marked *