We Love Care Burma .

တန်ဆောင်မုန်းလပြည့်နေ့

#သာမညဖလအခါတော်နေ့

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။

သာမညဖလ ၏ အဓိပ္ပာယ်မှာ ရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊

-ကထိန်သင်္ကန်း အလှူပွဲတော်၊

-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊

-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊

-ကျီးမနိုး ပွဲတော်၊

-သာမညဖလအခါတော်နေ့ ပွဲတော်များ

ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပါယ်ရပါသည်။

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုနိုင်ပါသည်။

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့် ထင်ဟပ်စေနိုင်ပါသည်။

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိုဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊ လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သော လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁) အဇာတသတ်မင်းတရားသည်

-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊

-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း

သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊

-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်ကျေးဇူးကြီးလှပါပေသည်။

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊ သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

ယနေ့ကျရောက်သောတန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလ အခါတော်နေ့)တွင် ကမ္ဘာသူ၊ကမ္ဘာသား အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံ၍ ကျက်သရေမင်္ဂလာအပေါင်း ခညောင်းပါစေကြောင်း၊ စီးပွားလာဘ်လာဘများလည်း ဒီရေအလား တိုးတက်ပါစေကြောင်း #We_Love_Care_Burma မိသားစု မှဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။🙏🙏🙏

#FullMoonDayOfTazaungmone

(၇-၁၁-၂၀၂၂) တနင်္လာနေ့

Credit…

6,959 thoughts on "တန်ဆောင်မုန်းလပြည့်နေ့"

  1. PeterWew

    AccessBridge Pharmacy: AccessBridge – mexico online farmacia

  2. Michaelwar

    https://steadymedspharmacy.shop/# legit canadian online pharmacy

  3. Marvinswaph

    п»їinternational drug mart [url=https://formulinepharmacy.com/#]FormuLine Pharmacy[/url] no prescription needed pharmacy

  4. PeterWew

    online pharmacy discount code: best india pharmacy – buy drugs online

  5. ThomasGeamY

    SteadyMeds: SteadyMeds pharmacy – SteadyMeds pharmacy

  6. Marvinswaph

    AccessBridge Pharmacy [url=https://accessbridgepharmacy.shop/#]pharmacy in mexico online[/url] AccessBridge

  7. ThomasGeamY

    online pharmacy discount code: best india pharmacy – best online pharmacy

  8. PeterWew

    no prescription pharmacy paypal: indianpharmacy com – new pharmacy online

  9. Michaelcrice

    https://steadymedspharmacy.com/# SteadyMeds pharmacy

  10. PeterWew

    SteadyMeds: SteadyMeds pharmacy – SteadyMeds pharmacy

  11. Michaelcrice

    http://formulinepharmacy.com/# medstore online pharmacy

  12. PeterWew

    SteadyMeds: SteadyMeds pharmacy – canadian pharmacy meds

  13. Marvinswaph

    top online pharmacy [url=https://formulinepharmacy.com/#]п»їlegitimate online pharmacies india[/url] top online pharmacy

  14. ThomasGeamY

    overseas online pharmacy: indian pharmacy paypal – medstore online pharmacy

  15. Michaelcrice

    https://steadymedspharmacy.shop/# canadian pharmacy no rx needed

  16. PeterWew

    canadian pharmacy 24h com safe: SteadyMeds pharmacy – SteadyMeds pharmacy

  17. PeterWew

    AccessBridge Pharmacy: mexi pharmacy – AccessBridge

  18. PeterWew

    worldwide pharmacy: mail order pharmacy india – online pharmacy

Leave a Reply

Your email address will not be published. Required fields are marked *