ရွှေပြည်သာမြို့နယ် ဝါးတစ်ရာချောင်းအတွင်း (၄-၇-၂၂) ရက်နေ့ နေ့လည်(၂)နာရီခန့်တွင် ဖြစ်ပွါးခဲ့သော ရေနစ်သေဆုံးမှုအကျဉ်း (မှတ်တမ်းမျှသာ)
အမေးတစ်ခွန်း။ ညီလေးတို့က ဘယ်မှာနေကြလို့ ဒီနားကို ဘယ်လိုရောက်လာဖြစ်ကြတာလဲ။
ဖြေ။ ကျနော်တို့ နှစ်ယောက်စလုံးက ရွှေပြည်သာမြို့နယ် အမှတ်(၁၆)ရပ်ကွက်မှာ နေတယ်ဗျ။ အခါတိုင်းဆို သူ ကျနော့်အိမ်ကို လာတယ်ဗျ။ ကနော်လဲ စောင့်နေသေးတယ် သူမလာတာနဲ့ သူ့အိမ်ကို လိုက်သွားတယ်။ ပြီးတော့ သူ့ကိုခေါ်ပြီး ထွက်လာကြတယ်။ လမ်းရောက်တော့ ကျနော့်သယ်ငယ်ချင်းရဲ့အကို တစ်ယောက်နဲ့တွေ့တယ်။
အဲ့အကိုကြီးက အရက်ချက်စက်ရုံမှာ လုပ်တယ်။ ကျနော်တို့ကလဲ အလုပ်မရှိသေးတော့ စက်ရုံမှာ အလုပ်ပြောပေးမယ်ပြောတယ်။
အဲ့အကိုထွက်သွားပြီး ကျနော်တို့နှစ်ယောက် စကားပြောရင်း “သားကြီး ငါတို့လည်း မသောက်တာကြာပြီ သောက်ကြမလား” ဆိုပြီး ကျနော်ကပဲ ပြောလိုက်တယ်။ သူကလဲ “အေး သောက်ကြမယ်တဲ့”။ ဒါဆို ငါတို့ ဘယ်မှာသောက်ကြမလဲဆိုတော့ သူ့အိမ်မှာပဲ သောက်ကြမယ်ဆိုပြီးတော့ (စရင်း) အရက်တစ်ဗူး၊ (စတင်း) အအေးတစ်ဗူး၊ ရေခဲရေ တစ်ဗူး ဝယ်ပြီး သူ့အိမ်သွားကြတယ်။ အိမ်ရောက်တော့ အိမ်မှာ တစ်ယောက်မှ မရှိဘူးလေ။
အဲဒါနဲ့ အလုပ်ရှာရင်းနဲ့ ဝါးတစ်ရာဘက်ကို သွားကြမလားဆိုပြီး နှစ်ယောက်အတူ စက်ဘီးစီးပြီး ထွက်လာကြတယ်။ အစကတော့ ဝါးတစ်ရာဘက်ကို သွားကြမလို့ပဲ။ အခု ဒီလမ်းချိုးလေးကိုတွေ့တယ်။ ဟိုဘက်မှာလဲ ချောင်းရှိတယ် ပြောတာနဲ့ ဒီဘက်ကို လာခဲ့တာ။ အရင်ကတော့ မလာဘူးပါဘူး ဒီမှာ သောက်လဲ မသောက်ဘူးပါဘူး။
ဒီကိုရောက်လာတော့ ကျနော်တို့ နှစ်ယောက် ကောင်းကောင်းမွန်မွန်ပါပဲ။ (စာကြွင်း – ပါလာတဲ့ အရက် နဲ့ အအေးကို နှစ်ယောက်အတူသောက်တာ တစ်နာရီလောက်တော့ ကြာမယ်ထင်တယ်။)
ကျနော်လည်း ရေအတိမ်အနက်ကို ပြမယ်ဆိုပြီး ရေထဲဆင်းပြတယ်။ ကျနော်က သူ့ထက်အရပ်ပိုရှည်တော့ ပြလို့အဆင်ပြေတယ်လေ။ ပြီးတော့ သူလိုက်ပြီး ဆင်းလာတယ်။
(စာရေးသူကြားရတာလေး-ကမ်းစပ်ကို ကြံစည်းတွေလာချတဲ့ ဦးလေးကြီးတစ်ယောက်က ပြောသွားသေးတယ်။ “မင်းတို့တွေ ပြန်ကြ ပြန်ကြ ရေမကူးကြနဲ့ ဒီနေရာက ကူးလို့ကောင်းတဲ့နေရာမဟုတ်ဘူး လူစားတယ်”)
နှစ်ယောက်အတူ ကမ်းစပ်မှာရှိတဲ့ ငါးဗျတ်လေးတွေကို လက်ခုပ်လေးနဲ့ အုပ်အုပ်ပြီး အတူဖမ်းနေကြတာ။ ဖမ်းနေရင်း တစ်နာရီခွဲလောက်ကျတော့ ကျနော့်အိမ်က ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ သူကပြောတယ် “သူငယ်ချင်း မင်းအိမ်က ဖုန်းဆက်နေပြီ စိတ်ပူနေလိမ့်မယ် ပြန်ကြရအောင်လို့ ပြောတယ်”။ အေးအေး ပြန်မယ်။ ငါ တစ်ကောင်လောက် ဖမ်းလိုက်အုံးမယ် ဆိုပြီး – အစကတော့ သူနဲ့ကျနော်နဲ့ ဒီဘောတံတာလေးရဲ့ (၃ ပေအကျယ်လောက်ရှိတဲ့ ဘောတံတား) ဟိုဘက်ဒီဘက် မျက်နှာချင်းဆိုင်ပေါ့။ တစ်ကောင်လောက် ဖမ်းချင်တာနဲ့ တံတားလေးကိုကျော်ပြီး သူရှိရာဘက်ကို သွားလိုက်တယ်။ အပေါ်ဘက်ကို တက်သွားတယ် ထင်တာပဲ။ ကျောကိုင်းပြီးခေါင်းငုံ့ဖမ်းနေပေမယ့် တက်သွားရင် မျက်စိမှာတော့ မြင်မှာပဲ။ တက်သွားတာလဲ မတွေ့လိုက်ဘူး။ ဆင်းပြီးတော့ ချေလက် ဆေးတယ်ပဲ ထင်တာ။
(၅)မိနစ်လောက်လဲ ဖမ်းပြီးတော့ အသံမကြားဘူး။ ကျနော်လဲ တော်ပြီဆိုပြီး အပေါ်တက်လိုက်တာ နောက်ကိုလဲ ကြည့်လိုက်တော့ သူ့ကို မတွေ့ဘူး။
ဟေ့ကောင် “ဇော်ပိုင်ထွန်း” ရေ ပြန်ကြမယ်ဆိုတော့ စနေတယ်ပဲထင် ခေါ်တာခေါ်တာ ခေါ်လို့မရဘူး။ အဲဒါနဲ့ ကမ်းစပ်မှာ ရပ်ထားတဲ့ လှေလေးတစ်စင်းမှာ ထောက်ထားတဲ့ ဝါးလေးကိုင်ပြီး ရေထဲဆင်းကြည့်သေးတယ်။ ကျနော်လဲ ရေမကူးတတ်ဘူးလေ။
နောက်ဆုံးမရတော့မှ အပေါ်ကို တက်ပြီး အော်ရင်းအောင်ရင်းနဲ့မှ ဟိုနားက လုံခြုံရေးအကိုကြီးတွေ ထွက်လာကြတယ်။ အဲ့အကိုကြီးတွေမှတဆင့် အမှတ်(၂၂)ရပ်ကွက် အုပ်ကြီး ကိုခေါလေး ကိုခေါ်တော့ သူနဲ့သူ့တပည့် ရောက်လာတယ်။
သူတို့နှစ်ယောက်ကမှတဆင့် ကျနော်တို့ ရပ်ကွက်လူကြီးနဲ့ ကျနော်အိမ်ကို အကြောင်းကြားတာ။ ကျနော်တို့ သောက်ထားတာ မူးလဲမမူးပါဘူး။ အရင်တုန်းကလဲ တစ်ခါ သောက်ဘူးတယ်။ နောက်ဆုံးသောက်တာက သင်္ကြန်အတက်နေ့က သောက်တာ။
အခု သူ ဝတ်ထားတာ ဗစ်အသားရောင်လေးနဲ့ အင်္ကျီမပါဘူး။
(မှတ်ချက်။ သူငယ်ချင်းလဲဖြစ် ကျန်ရစ်သူ “မြတ်မင်းသူ” နဲ့ ခဏတာ မေးမြန်းဖြစ်တာလေးကို မှတ်တမ်းအဖြစ်သာ ရေးသားထားခြင်းပါ။)


Xwfynelz
Explore the ranked best online casinos of 2025. Compare bonuses, game selections, and trustworthiness of top platforms for secure and rewarding gameplaycasino activities.
1winFaich
https://t.me/site_official_1win/209
PokerdomFaich
https://t.me/s/officials_pokerdom/3759
DealerShadow
https://t.me/s/Drip_officials
Lucinda
References:
Lollybet Casino Kundenservice https://www.gaiaonline.com/gaia/redirect.php?r=https://lollybet.com.dehttps://www.gaiaonline.com/gaia/redirect.php?r=https://lollybet.com.de</a