အလှူပေး သူဌေးဖြစ်
အမှတ်(၂၄) ရပ်ကွက်၊ ဇီးကုန်း၊ ပန်းခြံစုလမ်း တွင်နေထိုင်သော
အလှူရှင် ဦးသန်းနိုင်ဦး+ဒေါ်အေးအေးပြုံး (မိသားစု) မှ (၁,၀၀၀,၀၀၀)ဆယ်သိန်းကျပ်ကို (၇)ရက်သားသမီး၏ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအထောက်အကူပြုနိုင်ရန် We_Love_Care_Burma #လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း သို့ကိုယ်တိုင်လာရောက် လှူဒါန်းသွားပါသည်။
စေတနာ သဒ္ဓါ ထက်သန်စွာဖြင့် လှူဒါန်းသွားပါသော အလှူရှင်မိသားစု သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ အန္တရာယ်ခပ်သိမ်း ကင်းစင်ငြိမ်းပြီး ဘာသာ သာသနာအကျိုး သယ်ပိုးထမ်းဆောင်ပါစေ၊ စီးပွါးလာဒ်လာဘများ တိုးတက်နိုင်ပါစေ၊ ပြုသမျှ ကုသိုလ်ကောင်းမှုအစုစုသည် နိဗ္ဗာန် အထောက်အပံ့ကောင်းများ ဖြစ်နိုင်ပါစေကြောင်း တောင်းဆုမေတ္တာ ပို့သအပ်ပါသည်။
မိတ်ဆွေတို့အနေဖြင့်(၇)ရက်သားသမီးများ၏#အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အတွက် ကုသိုလ်ပြုပါဝင် လှူဒါန်းလိုပါက
ရန်ုကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊အမှတ်(၄)လမ်းမကြီး၊ အမှတ်(၂)ရပ်ကွက်၊အမှတ်(၅၀၄)၊ ရွှေပြည်သာကွေ့မှတ်တိုင်အနီး တွင်တည်ရှိသော #We_Love_Care_Burma အသင်းရုံးသို့ ဖုန်းဆက်၍သော်လည်းကောင်း၊လူကိုယ်တိုင်သော်လည်းကောင်း ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည် ။